ဇာတ်ကားများ ရွေးရန်

My Father, the BTK Killer

2025ဇာတ်ကားWeb-dl 1080p

Netflix ရဲ့ 2025 ထွက် Documentary ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒီ Documentary အကြောင်းကတော့ American နိုင်ငံရဲ့ နာမည်ကျော်အမှုဖြစ်တဲ့ ကွင်းဆက်လူသတ်သမား Dennis Rader ရဲ့အမှုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ Dennis Rader ရဲ့အကြောင်းလေးကို နည်းနည်းထည့်ပြောမှပဲ ဒီကွင်းဆက်လူသတ်သမားက ဘာလို့အဲ့လောက်နာမည်ကျော်ပြီး ဖြစ်ရသလဲဆိုတာသိရရင် ပိုပြီးကြည့်ကောင်းမှာပါ။ Dennis Rader ဆိုသူဟာသာမန် အိမ်ထောင်သည်အမျိုးသားတစ်ယောက်ပါ။ မိန်းမနဲ့ ကလေးနှစ်ယောက်ရှိပြီး ချာ့်ကျောင်းတစ်ခုမှာလဲ ဘာသာရေးဝတ်ပြုအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူ့ရဲ့ဘဝက တခြားပုံမှန်မိသားစုတွေလိုပဲ ဖခင်တစ်ယောက် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး မိသားစုအပေါ် တာဝန်‌ေကျတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့သူဟာ လူသတ်မှုပေါင်း အနည်းဆုံး၁၀ခု ကျူးလွန်ခဲ့ပြီး ဆယ်စုနှစ်၃ခုစာ ရဲတွေလက်ကနေလွတ်မြောက်ထားခဲ့သူပါ။ သူဟာ တီဗီအစီစဉ်ကနေတောင် ရဲတွေကို စာနဲ့ဆက်သွယ်ပြောဆိုခဲ့ပြီး ရဲတွေကို စာတွေ ပို့စ်ကဒ်တွေနဲ့ ရဲတွေကို ဦးနှောက်ခြောက်စေခဲ့သူပါ။ သူဟာ လတိုင်းနီးပါး ရဲတွေနဲ့သတင်းစာတိုက်တွေဆီစာပို့ပြီး ဘယ်သူ့ကိုတော့ သတ်ခဲ့တယ် ဘယ်လိုသတ်ခဲ့တယ်ဆိုတာကိုပါ ဓာတ်ပုံနဲ့တကွ ပေးပို့ခဲ့သူပါ။ သူသတ်တဲ့သူတိုင်းဟာလဲ အသက်လတ်ပိုင်းအမျိုးသမီးငယ်တွေဖြစ်ပြီး BTK ဆိုတဲ့ နာမည်ကိုကထားတဲ့ လူသတ်သမားပါ။ Bind ချည်နှောင် Torture နှိပ်စက် Kill သတ်ဖြတ်ဆိုတာကို သူကိုယ်တိုင် BTK ဆိုပြီး နာမည်ပေးထားတာပါ။ သူ့ရဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိ စာအုပ်ကိုတောင် သတင်းစာတိုက်ကိုပို့ပြီး သူ့ရဲ့ လူသတ်သမားဘဝအကြောင်း ရေးထားခဲ့သူပါ။ ဒီလို အက်ဘီအိုင်နဲ့ ရဲတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့သူဖြစ်တဲ့အတွက် အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ကွင်းဆက်လူသတ်သမားအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူတစ်ယောက်ပါ။ ဒီလောက်ဆိုရင် Dennis Rader ဆိုသူဟာ ဘယ်လိုလူစားလဲဆိုတာသိလောက်ပြီထင်ပါတယ်။ Netflix ကဒီ Documentaryလေးက ဖြစ်ရပ်မှန်အပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရတာတန်မှာပါ။ ဒီတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး … ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zaii ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း