Omniscient Reader
ဒီကားလေးကတော့ Lee Minhoနဲ့ Ahn Hyo Seopတို့လို နာမည်ကြီးမင်းသားတွေပါဝင်ထားတဲ့ Fantasy/Actionဇာတ်ကားအမျိုးအစားပါ။ ဂင်ဒို့ဂျာဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက "ကမ္ဘာပျက်ချိန်မှာ ရှင်သန်နည်း ၃နည်း " ဆိုတဲ့ ဝဘ်နိုဗယ်တစ်ခုရဲ့အမာခံပရိသတ်တစ်ဦးပါ။ ဝတ္ထုအပိုင်းရှည်လာလည်း ဖတ်တဲ့လူ သူတစ်ယောက်တည်းကျန်တော့တဲ့အထိ သစ္စာရှိရှိဖတ်လာတာမလို့ ဝတ္ထုကို ထုံးလိုချေ ရေလိုနှောက်တဲ့လူပါ။ ဒို့ဂျာတစ်ယောက် ဝတ္ထုအဆုံးသတ်ချိန်မှာ အဆုံးသတ်ကိုမကြိုက်တာမလို့ စာရေးဆရာဆီကို စာတစ်စောင်ပို့ခဲ့ပါတယ်။ စာရေးဆရာကလည်း အဆုံးသတ်မကြိုက်တဲ့ဒို့ဂျာကို ကိုယ်တိုင်သွားပြင်ဆင်ဆိုပြီး ဝတ္ထုထဲကိုပို့လိုက်တဲ့အချိန် အဆုံးသတ်ကိုပြင်ဆင်နိုင်ပါ့မလား...? သူဝင်ရောက်လာတဲ့အတွက် သူဖတ်ခဲ့တဲ့ ဝတ္ထုဇာတ်ကြောင်းတွေပါ ပြောင်းသွားခဲ့ပြီး ကြိုသိထားတဲ့သူကိုယ်တိုင် ဘာကိုမှခန့်မှန်းလို့မရတော့ဘဲ ဘယ်လိုအရာတွေကြုံတွေ့ရမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း