ဇာတ်ကားများ ရွေးရန်

Eloise

2016ဇာတ်ကားBlu-ray 1080p

ဂျက်ကော့မာတင်ဟာ ကွယ်လွန်သူဖခင်ဆီကရမဲ့ သန်းချီအမွေတွေကိုအပြည့်အဝဆက်ခံနိုင်ဖို့ အဒေါ်ဖြစ်သူရဲသေစာရင်းကိုမဖြစ်မနေ လိုအပ်လာပါတယ်။ ဒါကြောင့်ပဲသူငယ်ချင်းတစ်ယောက်အပြင် ဒေသခံကျွမ်းကျင်သူနှစ်‌ယောက်ကိုခေါ်ပြီး ဒီထရွိက်မြို့စွန်မှာရှိတဲ့ စွန့်ပစ်ခံစိတ္တဇဆေးရုံဟောင်းကြီးဆီ ချီတက်ကြရာမှာ မထင်မှတ်ဘဲ ဆေးရုံကြီးရဲ့ လူနာတွေပေါ်ရက်ရက်စက်စက်ပြုမူခဲ့တဲ့ ကြောက်စရာ အတိတ်နဲ့ထိတွေ့မိကြပါတော့တယ်။ အတိတ်နဲ့ပစ္စုပ္ပန်ရောထွေးသွားပြီး အဖွဲ့သားတွေအကုန် ဝိဉာည်ဆိုးတွေရဲ့ခြောက်လှန့်ဖမ်းဆီးနှိပ်စက်ခံရတဲ့အခါ ဘယ်သူကများကံကောင်းလွတ်မြောက်မလဲဆိုတာ အသည်းတထိတ်ထိတ်ခံစားရမဲ့ Eloise (2016) ရုပ်ရှင်လေးကိုရှုစားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thang Tun Khaing ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း