Dead Air
COVID-19 ရဲ့ ရှေ့ပြေးနမိတ် တွေကို ပြသခဲ့တဲ့ ဇာတ်လမ်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ Dead Air 2009 ဟာဆိုရင် ကိုဗစ်ထက် ဆယ်စုနှစ် စောပြီး ထွက်ခဲ့ပေမဲ့ လက်တွေ့ ကြုံခဲ့ရတာတွေနဲ့ တိုက်ဆိုင် နေတဲ့အချက်တွေ တွေ့ရမှာပါ။ ဒီဇာတ်လမ်းမှာ တော့ လေလှိုင်း မီဒီယာ မှာ ထိပ်တန်းရောက်နေတဲ့ radio station တစ်ခုက host တစ်ယောက်ရဲ့ ပြောရဲဆိုရဲ ရှိပြီး ယုံကြည်ချက်ခိုင်မာတဲ့ main character Logan Burnhardt နဲ့ အစပျိုးထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်မှုကြောင့် နားဆင်သူ ပရိသတ် တောင့်တောင့်တင်းတင်း ရရှိထားသလို သဘောမကျသူတွေလဲ ရှိပါတယ်။ တစ်နေ့ radio station ထဲကနေ သူရဲ့ လေလှိုင်းအစီအစဉ်မှာ Paranoia လို့ခေါ်တဲ့ စိတ်ချောက်ချားခြင်း အကြောင်းကို ဆွေးနွေးရင်း အပြင်ဖက် မြို့ထဲမှာ တကယ်ကို ချောက်ချားစရာတွေဖြစ်ပေါ်လာတာပါ။ ဒီချောက်ချားစရာတွေထဲမှာ အစမှာပြောခဲ့တဲ့ COVID-19 နဲ့ တိုက်ဆိုင်နေတာတွေ ပါလာမှာပါ။ ဥပမာ - ကူးစက်မြန်တာတွေ၊ quarantine လုပ်ရတာတွေ ၊ ဇီဝလက်နက် ဖန်တီးခဲ့မှု ဖြစ်စဥ်တွေ၊ media ရဲ့ misinformation အကျိုးဆက်တွေ ဟာတိုက်ဆိုင်နေပါတယ်။ ဇာတ်လမ်းဟာ တစ်နှစ်စောထွက်ခဲ့တဲ့ တခြား movie တစ်ခုနဲ့ ဆင်တူတဲ့ idea ကြောင့် original မဆန်ခဲ့ပေမဲ့ နိုင်ငံရေး ဘာသာရေးရှုထောင့်တွေနဲ့ တော်တော် လေး ရည်ရွယ်ချက်ကြီးတဲ့ ဇာတ်ညွှန်း ဇာတ်အိမ်တွေနဲ့ ဖန်တီးထားတာပါ။ ဒါပေမဲ့ 2009 မှာထွက်တဲ့ ဇာတ်ကားရဲ့ ရုပ်ထွက် နဲ့ production အနေနဲ့ ကတော့ budget အလွန်နည်းတာ သိသာနေပါတယ်။ ဒါကြောင့်လဲ ဘောင်ဝင်တန်းဝင် ရုပ်ရှင်ရုံကြီးတွေမှာ ပြသနိုင်ခြင်းမရှိခဲ့ပဲ DVD အဖြစ်နဲ့သာ အလုပ်ဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ horror fan တွေ အတွက်ကတော့ ဖူလုံတဲ့ တင်ဆက်မှု ရသကို ပေးစွမ်းနိုင်ခဲ့ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ ကိုရွှေပိုသာကဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း