Guns & Moses
သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အမြတ်ထုတ်တဲ့ Crime ကားကိုမှ တခြားကားတေနဲ့မတူဘဲ unique ဖြစ်အောင်တင်ဆက်ထားပါတယ်။ ဒီရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီး တရားခံတွေကို အပြစ်ပေးမှာက ဂျူးလူမျိုးဘာသာရေးဆရာတစ်ယောက် ဖြစ်နေလို့ပါ။ အဓိကဇာတ်ကောင် ဇော့မန်းက ဂျူးဘာသာရေးဆရာ(ရာဘိုင်) တစ်ယောက်ဖြစ်ပြီး ဇနီးသည်နဲ့ကလေးတွေရှိပါတယ်။ကံဆိုးချင်တော့ သူတို့မြို့မှာ ဘုရားကျောင်းဆောက်ဖို့ Solar စွမ်းအင်ထုတ်တဲ့ပိုင်ရှင်သူဌေးအယ်လန်က ငွေလှူတဲ့ပွဲမှာပဲ အယ်လန်အသတ်ခံလိုက်ရလို့ ရုတ်ရုတ်သဲသဲဖြစ်ပြီး ပွဲပျက်သွားပါလေရော။ အယ်လန်ရဲ့မိတ်ဆွေတဖြစ်လဲ မြို့ဝန်ဒိုနိုဗန်ကပါ ဒီလူသတ်မှုအတွက် ဖော်ထုတ်မယ်ဆိုပြီး စုံထောက်တွေကို တာဝန်ပေးလိုက်ပါတယ်။ ဒါမဲ့ သူတို့တွေဖမ်းလာတာက လူဖြူမျိုးချစ်စိတ်ပြင်းထန်တဲ့ အဖွဲ့ဝင်ဆယ်ကျော်သက်ကောင်လေး ဖြစ်နေတာပါ။ ဒီကောင်လေးမှာ အပြစ်မရှိဘူးလို့ ယုံကြည်တဲ့လူကလည်း ရာဘိုင်တစ်ယောက်ပဲရှိပါတယ်။ သူဖမ်းဆီးခံရစဉ်အတွင်း အယ်လန်နဲ့ပတ်သက်နေတဲ့ လူတစ်ယောက် ထပ်အသတ်ခံရတော့ ရာဘိုင်က သူ့မိတ်ဆွေတွေအတွက် တရားခံဖော်ဖို့ လူသတ်တဲ့အကြောင်းရင်းကို အစအဆုံးစုံစမ်းပါတော့တယ်။ အလှည့်အပြောင်းတွေပါဝင်ပြီး ဗီလိန်ကလည်း နာမည်ကျော် Neal McDonough ဆိုတော့ စိတ်ဝင်စားစရာကောင်းမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း