ဇာတ်ကားများ ရွေးရန်

Bomb

2025ဇာတ်ကားWeb-dl 1080p

နှစ်တစ်ရာလောက် အစွဲအလမ်းတွေနဲ့ မပြီးဆုံးနိုင်တဲ့ ရန်ပွဲတွေကြားမှာ နစ်မြုပ်နေတဲ့ ရွာနှစ်ရွာ... ဒီရွာနှစ်ရွာကို ဘယ်အရာက ပြန်လည်စည်းလုံးစေနိုင်မှာလဲ? ဒီဇာတ်လမ်းက ရွာကိုစည်းလုံးစေချင်တဲ့ လူတစ်ယောက်ရဲ့ ထူးဆန်းတဲ့ သေဆုံးမှုကနေ အစပြုလာပါတယ်။ ဒါပေမဲ့ အသက်မဲ့သွားပြီလို့ ထင်ထားတဲ့ သူ့ရဲ့ခန္ဓာကိုယ်က ဘယ်သူမှ မ မရဘဲ တစ်ခါတစ်ရံ တုန်ခါပြီး လေလည်တတ်တဲ့ ထူးဆန်းတဲ့ လက္ခဏာတွေပြလာတဲ့အခါမှာတော့ ရွာသားတွေအတွက် သူက ဘုရားသခင် ဝင်ပူးကပ်သွားတဲ့ ကိုယ် ဖြစ်လာပါတော့တယ်။ ဒီဘုရားကိုယ်တော်ကို ကိုယ့်ဘက်ပါအောင် အပြိုင်အဆိုင် ကြိုးပမ်းကြရင်း ရန်ဖြစ်နေတဲ့ ရွာနှစ်ရွာကြားမှာ ဖြစ်ပေါ်လာတဲ့ ဟာသနှောတဲ့ အလွဲတွေ၊ အတ္တတွေနဲ့ အားပြိုင်မှုတွေက ဇာတ်လမ်းကို အရှိန်အဟုန်နဲ့ ဆွဲခေါ်သွားပါတယ်။ ဒါက တယူသန်ယုံကြည်မှုကို မေးခွန်းထုတ်ထားတာလား။ ဒါမှမဟုတ် စုစည်းညီညွတ်မှုတစ်ခုအတွက် အားလုံးက တစ်နေရာတည်းမှာ တူညီစွာ ယုံကြည်လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ စွမ်းအားကို ပြသချင်တာလား။ ရယ်မောခြင်း၊ သံသယဝင်ခြင်းနဲ့ မျှော်လင့်ချက်တွေကြားမှာ ဗျာများရင်း နောက်ဆုံးမှာ ရွာသားတွေက သူတို့ရဲ့ ရန်ညှိုးတွေကို မေ့ဖျောက်ပြီး တစ်စုတစ်စည်းတည်း ဖြစ်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း