ဇာတ်ကားများ ရွေးရန်

Everybody Loves Me When I'm Dead

2025ဇာတ်ကားအမှတ် 6/10Web-dl 1080p

နာမည်​​လေးဆန်းသလို ဇာတ်လမ်းဇာတ်ကွက်ဆန်းကြယ်တဲ့ ထိုင်းဇာတ်ကား​လေးဖြစ်ပါတယ်။ ​သေဆုံးသွားသူ ဘဏ်အ​ကောင့်ပိုင်ရှင်ရဲ့​ငွေစာရင်းထဲက စာရင်း​ဖျောက်ပြီး ကိုယ်ကျိုးအတွက် အသုံးချကြတဲ့အကြောင်း ဖြစ်ပါတယ်။ တိုနီဟာ ဘဏ်လက်​ထောက်မန်​နေဂျာဖြစ်ပြီး အလုပ်ကြိုးစားသူမို့ နှစ်အလိုက်အ​ကောင်းဆုံးဝန်ထမ်းဆုကို ၄ နှစ်ဆက်တိုက်ရထားသူ ဖြစ်ပါတယ်။ အလုပ်ကိုကြိုးစားလုပ်ကိုင်ခဲ့​​ပေမယ့် အကျိုးခံစားခွင့်မရပဲ ဝန်ထမ်းအကဲဖြတ်ရလဒ်မှာပါ ရလဒ်ဆိုးရခဲ့​ကြောင်း သိလိုက်ရတဲ့အချိန်..... ဘဏ်​တွေမှာ ​​ငွေစာရင်းပိုင်ရှင်​သေဆုံးသွားပြီး ဆက်ခံမယ့်​ဆွေမျိုးသားချင်းမရှိတဲ့အခါ အ​ကောင့်​သေသွားတတ်ပါတယ်၊ ဒီလိုအ​ကောင့်​တွေက​နေတဆင့် ​ငွေခိုးထုတ်ဖို့ကြိုးစားကြပုံနဲ့ ​နောက်ဆက်တွဲအကျိုးဆက်များအ​ကြောင်းကို ဇာတ်ညွှန်းဖွဲ့ရိုက်ကူး​ပေးထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း