ဇာတ်ကားများ ရွေးရန်

Furioza Again

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာမှ အသစ်စက်စက်ထွက်ထားတဲ့ ပိုလန်စကားပြော အက်ရှင်-ရာဇဝတ် သည်းထိတ်ရင်ဖိုဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မူရင်း Furioza ကို ကြိုက်ဖူးတဲ့သူဆိုရင် ဒီကားက လမ်းသရဲကားကောင်းလေးဆိုတာ သိမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဘောလုံးပွဲ အစွန်းရောက်ဂိုဏ်း (Hooligans) တွေရဲ့ မှောင်မိုက်တဲ့ လောကထဲအကြောင်းပါပဲ? အဖွဲ့ခေါင်းဆောင်ကို ဖြုတ်ချဖို့ လျှို့ဝှက်ကြံစည်တာကနေစပြီး ဇာတ်လမ်းက စကြမ်းပါတော့တယ်။ အဲဒီမှာ ရည်မှန်းချက်ကြီးတဲ့ ဂိုဏ်းသား Golden ဆိုတဲ့ကောင်က အခွင့်အရေးရတာနဲ့ အဖွဲ့အစည်းကို ဝင်သိမ်းတာပါ။ Golden ဆိုတဲ့ကောင်က ရာဇဝတ်လောကထဲမှာ မာန်တင်းပြီး အာဏာအတွက်ဆိုရင် ဘာမဆိုလုပ်မယ့်သူမျိုးပါ။ အဲဒီကောင် အာဏာရသွားတာနဲ့ မြို့တစ်မြို့လုံးက ရာဇဝတ်မှုတွေနဲ့ ပရမ်းပတာ ဖြစ်သွားပါတော့တယ်။ သူပိုင်တဲ့ ဥပဒေအောက်မှာ လူတွေကို အုပ်ချုပ်ချင်တဲ့ စိတ်က သူ့ကို အရူးတစ်ယောက်လို ဖြစ်သွားစေတယ်။ ပြသနာကတော့ ရဲဘက်ကနေ စုံစမ်းထောက်လှမ်းနေတဲ့သူတွေရယ်၊ Golden ရဲ့ လုပ်ရပ်တွေကို မကျေနပ်တဲ့သူတွေရယ်ကြားမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်လာတာပါပဲ။ Golden ရဲ့ ရူးသွပ်မှုနဲ့ သူ့ရဲ့ ကြမ်းတမ်းတဲ့ ဂိုဏ်းအုပ်ချုပ်ရေးကနေ တစ်မြို့လုံးက ဘယ်လိုရုန်းထွက်ကြမလဲ။ တစ်ချို့သူတွေက Golden ကို ဘော်ဒါလို့ သစ္စာရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ သစ္စာဖောက်မှုတွေနဲ့ မျက်ရည်တွေကြားမှာ ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းက ကြမ်းလည်းကြမ်း၊ Plot Twist တွေလည်းရှိ၊ Thriller Vibe လည်း အပြည့်ရတာမို့ အက်ရှင်နဲ့ ရာဇဝတ်ကား ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်ဘူးလို့ ညွှန်းဆိုပေးလိုက်ပါတယ်! ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zaii ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း