Rajdhani Punjab
ဒီဇာတ်ကားလေးကတော့ အာဏာကို တကယ်ရူးသွပ်သွားရင် အဆုံးစွန်ထိ မိုက်မဲသွားနိုင်တဲ့ သဘောတရားကို ရိုက်ပြထားတာပါ ။ ယိုရာ့ဂျ် ဟာ စီးပွားရေးသမား တစ်ယောက်ဆိုပေမဲ့ လူမိုက်တွေလည်း မွေးထားပြီး နိုင်ငံရေးခေါင်းဆောင်တွေကတောင် သူ့ရဲ့ လက်အောက်မှာပြားပြားဝပ်နေရတဲ့အထိ အာဏာကြီးတဲ့လူပါ။ ယိုရာ့ဂျ်က အမြတ်ရရင် အားလုံးလုပ်ပေမယ့် မူးယစ်ဆေးနဲ့ပတ်သက်ရင်တော့ လုံးဝဆန့်ကျင်သူပါ။ ယိုရာ့ဂ်ျမှာ ဂူရီဆိုတဲ့ သားတစ်ယောက်ရှိတယ်။ ဂူရီဟာ ငယ်ငယ်တုန်းက သူ့အမေဆုံးသွားရတာက သူ့အဖေကြောင့်လို့ သတ်မှတ်ထားသူပါ။ တစ်ဖက်မှာ မူးယစ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလိုတဲ့ စီးပွားရေးသမားတစ်ယောက်က ယိုရာ့ဂ်ျရဲ့ သဘောတူညီမှုရဖို့ ကြိုးစားရာမှာ မအောင်မြင်တဲ့အဆုံး ဘယ်လိုတွေ ကြံစည်မလဲ။ ယိုရာဂ်ျနဲ့ ဂူရီတို့ သားအဖကြားက အဖုအထစ်တွေက ဘယ်လိုပေါက်ကွဲလာမလဲဆိုတာကို အာဏာရဲ့အရသာက လူတစ်ယောက်ကို ဘယ်လောက်ထိ စွဲမက်စေလဲဆိုတဲ့ မက်ဆေ့ခ်ျကို အခြေခံရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ယိုရာ့ဂ်ျ အဖြစ် မင်းသားကြီး Yograj Singh နဲ့ ဂူရီ အဖြစ် မင်းသား Gurpreet Singh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း