See You Tomorrow
ဒီတစ်ခေါက်မှာတော့ M-Sub ရဲ့ ပရိတ်တွေကို " See You Tomorrow "ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ လူတွေဟာ ဘဝတစ်လျှောက်လုံးမှာ ချစ်ခြင်းမေတ္တာကြောင့် နာကျင်မှုတွေကို ခံစားကြရပြီး "ချစ်ခြင်းမေတ္တာနဲ့ နာကျင်ခံစားမှုတွေမှာ အကန့်အသက်ရှိတယ်ဆိုတာ " ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ "ဘဝတစ်သက်တာက တိုတောင်းလွန်းတယ်" "အမှတ်တရတွေကို စွန့်ပစ်လို့မရဘူး ဒါကြောင့်ပွေ့ဖက်ထားရုံပဲတတ်နိုင်တယ်" ချန်မော့ဟာ ဘားပိုင်ရှင်တစ်ယောက်ဖြစ်ပြီး လူတွေရဲ့ စိတ်ပူစရာတွေ၊ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့နာကျင်မှုတွေကို ဖြေရှင်းပေးတဲ့ နှစ်သိမ့်သူတစ်ယောက်ပါ။ ချန်မော့ဟာ မျှော်လင့်ချက်ဆုံးရှုံးနေတဲ့ လူတွေအတွက် ညအချိန်တွေမှာ သူတို့ကိုယ်ပိုင်နာကျင်မှုတွေကို မေ့သွားအောင် ဘဝသစ်တစ်ခုစပေးနိုင်ဖို့ ကူညီကြိုးစားနေသူဖြစ်ပေမဲ့ သူကိုယ်တိုင်ကတော့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေပျောက်ဆုံးနေပြီး အတိတ်ရဲ့နာကျင်မှုတွေကြားက ရုန်းမထွက်နိူင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူဟာ မျှော်လင့်ချက်တွေကြောင့် နာကျင်နေရတဲ့သူတွေကို စွဲလမ်းမှုတွေကနေ ရုန်းထွက်နိုင်အောင် လက်လွှတ်တတ်အောင် နှစ်သိမ့်ပေးရင်း မနက်ဖြန်ဆိုတာ မရှိတော့တဲ့ သူ့ရဲ့ဘဝကို ချစ်ခြင်းမေတ္တာကြောင့် နာကျင်မှုတွေကို ခံစားနေခဲ့ရ သူရဲ့ မိတ်ဆွေ ကွမ်ချွမ်း ရှောင်ယွီတို့နဲ့ အတူ ဘယ်လိုတွေ ဖြတ်သန်းသွားကြမလဲဆိုတာကို အချစ်မေတ္တာ မျှော်လင့်ချက်နဲ့ နာကျင်မှုတို့ အချိုးကျပေါင်းစပ်ပြီး လူတစ်ဦးနဲ့တစ်ဦးကြားက စိတ်ခံစားမှုတွေကို မြင်သာအောင် ရိုက်ကူးပြသထားတဲ့ See You Tomorrow ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ကြရအောင်နော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း