Other
ဒါရိုက်တာ David Moreau ရဲ့ "Other" ဟာ သာမန်သရဲကားတွေ၊ သွေးထွက်သံယိုကားတွေရဲ့ လမ်းကြောင်းပေါ်ကနေ သွေဖယ်ပြီး လူ့စိတ်ရဲ့ အတွင်းကျဆုံး အမှောင်ကမ္ဘာကို ထိတ်လန့်ဖွယ်ရာ ပုံဖော်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်အစမှာတော့ တောအုပ်ကြီးထဲမှာ ၁၆ နှစ်အရွယ် လူငယ်တစ်ယောက် ကြောက်မက်ဖွယ်ရာ အသတ်ခံရတာကို ပြောပြနေတာနဲ့ စထားပါတယ်။ သာမန်တိရစ္ဆာန်ရိုင်းတစ်ကောင်ရဲ့ လက်ချက်လို့ ထင်ရပေမဲ့ သေဆုံးသူရဲ့ မျက်နှာတစ်ခုတည်းကိုသာ ထူးထူးခြားခြား ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာက ပုစ္ဆာတစ်ခုလိုဖြစ်နေပါတယ်။ အဲဒီနောက်မှာ မိခင်သေဆုံးသွားတာကြောင့် မိခင်နဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သမီးဖြစ်သူ အဲလစ်တစ်ယောက် သူမပြန်ချင်ဆုံးဖြစ်တဲ့ ကလေးဘဝက အိမ်ကြီးဆီကို မဖြစ်မနေ ပြန်လာခဲ့ရပါတယ်။ အဲလစ်အတွက်တော့ ဒီအိမ်ကြီးဟာ နွေးထွေးတဲ့ အမှတ်တရတွေထက် နာကျင်စရာ အတိတ်က ဒဏ်ရာတွေကို ပြန်လည်နှိုးဆွပေးတဲ့ နေရာတစ်ခုပါပဲ။ အိမ်ကြီးကို ပြန်ရောက်တဲ့နေ့ကစပြီး အဲလစ်တစ်ယောက် ရှင်းပြလို့မရတဲ့ ထူးဆန်းမှုတွေ၊ ခြောက်ခြားဖွယ်ရာ အသံတွေနဲ့ အရိပ်မည်းတွေကို စတင်ကြုံတွေ့လာရပြီး ဒီအိမ်ကြီးထဲမှာ ကိန်းအောင်းနေတဲ့ လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီရုပ်ရှင်ဟာ ကြောက်စရာ သတ္တဝါတစ်ကောင်အကြောင်း ရိုက်ပြနေသယောင်နဲ့ တကယ်တမ်းတော့ လူတစ်ယောက်ရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်က နာကျင်မှုတွေ၊ မိသားစုအတွင်းက လျှို့ဝှက်ချက်တွေဟာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် ရိုးရိုးသွေးထွက်သံယို သရဲကားတွေထက် ပိုနက်နဲတဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုကို ခံစားချင်သူတွေအတွက်တော့ "Other" ဟာ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အိမ်ကြီးထဲမှာ ပုန်းကွယ်နေတဲ့ အရာဟာ တကယ်ပဲ သားရဲတစ်ကောင်လား ဒါမှမဟုတ် ဘာတွေဖြစ်နေမလဲ ဆိုတာကိုတော့ ရင်တမမနဲ့ ရှုစားလိုက်ကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း