ဇာတ်ကားများ ရွေးရန်

Shell

2024ဇာတ်ကားWeb-dl 1080p

Kate Hudson နဲ့ Elizabeth Moss တို့အပြိုင်သရုပ်ဆောင်ထားတဲ့ Body Horror, Thriller ရုပ်ရှင်မှာ ဘယ်လို ထူးခြားဆန်းပြား အံ့အားသင့်စရာတွေ‌ တွေ့ရမလဲသိချင်ရင် အခုပဲ ကြည့်လိုက်ပါ။ ဆမန်သာက တစ်ချိန်တုန်းက နာမည်ရတီဗီရှိုးတစ်ခုမှာပါခဲ့ပြီး လူသိများခဲ့ပေမယ့် ခုချိန်မှာတော့ အသက်ရလာတာကြောင့် သရုပ်ဆောင်အလုပ်ရဖို့ သူမအတွက် ခက်ခဲနေပါတယ်။ အလှအပထိန်းသိမ်းဖို့ သူ့အေးဂျင့်ကလည်း တိုက်တွန်းတာကြောင့် လတ်တလောမှာ ရေပန်းစားနေတဲ့ Shell ဆိုတဲ့ဆေးခန်းမှာ အရေပြားကုသမှုယူဖို့ သွားခဲ့ပါတယ်။ အဲဒီဆေးခန်းက အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးဖို့ အခွံမာရေနေသတ္တဝါရဲ့ ဇီဝပစ္စည်းကို လူသား DNA ထဲပေါင်းစပ်ထည့်သွင်းပေးတာပါ။ အလုပ်အတွက် စိတ်သောကရောက်နေတဲ့ ဆမန်သာက သူတို့ဆီက ကုသမှုခံယူပြီးနောက်ပိုင်း တီဗီရှိုးမှာ အရွေးခံရတဲ့အပြင် Shell CEO ဇိုဝီနဲ့ပါ သူငယ်ချင်းတွေလို ရင်းနှီးလာပါတယ်။ ဒါပေမဲ့ သဘာဝတရားကို ဆန့်ကျင်မှုတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတာမလို့ ဆမန်သာရဲ့ ပျော်စရာဘဝကလည်း ကြာကြာမခံဘဲ ထိခိုက်မှုတွေ ကြုံရမှာပါ။ လူတိုင်းက နုပျိုလှပချင်တာဖြစ်တဲ့အတွက် ဒီလိုစီးပွားရေးလုပ်ငန်းရှင်တွေလည်း ပေါ်ပေါက်နေဦးမှာလို့ အရိပ်အမြွက်ထည့်ထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း