ဇာတ်ကားများ ရွေးရန်

Good Boy

2025ဇာတ်ကားBlu-ray 1080p

ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ကတော့ တော့ဒ် (Todd) ဆိုတဲ့ အိမ်ထောင်ရှင်တစ်ယောက်ပါ။ သူက မြို့ပြမှာ အလုပ်လုပ်ရင်း ဖိအားများတဲ့ ဘဝကို ရင်ဆိုင်နေရပြီး ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ခုကြောင့် အနားယူဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဒီအချိန်မှာ သူ့ရဲ့မိသားစုပိုင် ဟောင်းနွမ်းနေတဲ့ ကျေးလက်အိမ်ကို ပြောင်းလာခဲ့ပြီး သူနဲ့အတူ သစ္စာရှိတဲ့ ခွေးလေး အင်ဒီ (Andy) လည်း လိုက်ပါလာပါတယ်။ ဒီအိမ်ဟာ အပြင်ကနေ ကြည့်ရင် အေးချမ်းပုံပေါ်ပေမယ့် အထဲမှာ ထူးဆန်းတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေ ရှိနေတာကို အင်ဒီက ချက်ချင်း ခံစားမိပါတယ်။ ဇာတ်လမ်းအစမှာ တော့ဒ်ဟာ မြို့ပြဘဝရဲ့ ဖိစီးမှုတွေကို ဖယ်ရှားပြီး အေးအေးချမ်းချမ်းနေဖို့ ဒီကျေးလက်အိမ်ကို ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် အိမ်ထဲရောက်တဲ့အခါ အင်ဒီ ခွေးလေးက ထူးဆန်းစွာ ပြုမူပါတယ်။ တစ်ခါတစ်ရံ နံရံကို စိုက်ကြည့်ရင်း ဟောင်တာ၊ တံခါးတွေနားမှာ မသက်မသာ လှုပ်ရှားတာမျိုးတွေ လုပ်ပါတယ်။ တော့ဒ်ကတော့ ဒါတွေကို သာမန်ခွေးပုံစံလို့ပဲ ထင်ပြီး ဂရုမစိုက်ပါဘူး။ ဒါပေမယ့် အိမ်ထဲမှာ ထူးဆန်းတဲ့ အရိပ်တွေ၊ အသံတွေ၊ မထင်မှတ်ဘဲ ပစ္စည်းတွေ ရွှေ့ပြောင်းသွားတာမျိုးတွေ စဖြစ်လာပါတယ်။ အင်ဒီ ခွေးလေးဟာ ဒီအိမ်မှာ အရင်နေထိုင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ သေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ ကြောက်စရာအမြင်တွေကို စမြင်လာပါတယ်။ ဒီအိမ်မှာ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာကို အင်ဒီ တစ်ကောင်တည်း သတိထားမိပါတယ်။ တဖြည်းဖြည်း တော့ဒ်လည်း ဒီမကောင်းဆိုးဝါးစွမ်းအင်တွေရဲ့ လွှမ်းမိုးမှုကို ခံစားလာရပါတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ယိုယွင်းလာပြီး ထူးဆန်းတဲ့ အိပ်မက်ဆိုးတွေ၊ မထင်မှတ်တဲ့ ဒေါသတွေ၊ ကြောက်ရွံ့မှုတွေ ခံစားလာရပါတယ်။ ဒီစွမ်းအင်တွေက သူ့ကို သေခြင်းတရားဆီ ဆွဲခေါ်သွားဖို့ ကြိုးစားနေတာကို ခွေးတကောင်ရဲ့ Pov ကနေ ကြည့်ရှုခံစားရမှာပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း