Xeno
(Sci-fi Adventure) ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး၊ လူသိများတဲ့ "E.T." လို ဇာတ်လမ်းမျိုးကို ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ "ရီနေး" ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးဟာ မိသားစုအတွင်းရေး ပြဿနာတွေကြောင့် အထီးကျန်ပြီး စိတ်ညစ်နေရချိန်၊ တစ်နေ့မှာ ထူးဆန်းတဲ့ အရာတစ်ခု ကောင်းကင်ကနေ သဲကန္တာရထဲကို ပျက်ကျလာတာ တွေ့လိုက်ရပါတယ်။ အဲဒါကတော့ အန္တရာယ်ရှိတဲ့ သားရဲတစ်ကောင်လို ပုံစံပေါက်နေတဲ့ ဂြိုဟ်သားတစ်ကောင်ဖြစ်နေပြီး ရီနေးက သူ့ကို ကူညီဖို့ ဆုံးဖြတ်ပြီး "ခရုတ်ခ်" (Croak) လို့ နာမည်ပေးကာ လူတွေမသိအောင် သူ့အိမ်မှာ ဖွက်ထားလိုက်ပါတယ်။ ဒီလိုနဲ့ အထီးကျန်နေတဲ့ ကောင်မလေးနဲ့ ကြောက်စရာကောင်းတဲ့ ဒီဂြိုလ်သားတို့ကြားမှာ ထူးခြားတဲ့ သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့ ဒီဂြိုလ်သားရဲ့ တည်ရှိမှုကို အစိုးရအဖွဲ့အစည်းတွေက သိရှိသွားတဲ့အခါ၊ ဒီသတ္တဝါဟာ လူသားမျိုးနွယ်အတွက် အန္တရာယ်ကြီးမားတယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖို့ အပြင်းအထန် ကြိုးစားပါတော့တယ်။ ရီနေးတစ်ယောက်တည်းက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်လာတဲ့ "ခရုတ်ခ်" ကို ကမ္ဘာကြီးရဲ့ရန်ကနေ ဘယ်လိုကာကွယ်မလဲ၊ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လို အဆုံးသတ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Edrikk ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း