ဇာတ်ကားများ ရွေးရန်

Mirage

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းကတော့ ရုတ်တရက် သေဆုံးသွားတယ်လို့ ယူဆရတဲ့ ချစ်သူ ကီရန် ရဲ့ နောက်ကွယ်က အမှန်တရားကို လိုက်ရှာနေတဲ့ အဘီရာမီ (အဘီ) ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ ကီရန်ဟာ အလုပ်ကိစ္စ ခရီးစဉ်တစ်ခုကို လိမ်ညာပြောဆိုပြီးနောက် ရထားမတော်တဆမှုမှာ ပါဝင်သွားခဲ့တယ်လို့ သတင်းထွက်လာချိန်မှာ အဘီတစ်ယောက် သံသယတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်ကတော့ ကီရန် ခိုးယူသွားတယ်လို့ စွပ်စွဲခံထားရတဲ့ အရေးကြီး Data တွေပါဝင်တဲ့ Hard Disk တစ်ခုပါ။ ဒီ Hard Disk ကို ရဲအရာရှိ SP အာရွန်မူခမ် နဲ့ ကီရန်ရဲ့ သူဌေးဖြစ်သူ ရာ့ဂ်ျကူးမားတို့က အသည်းအသန် လိုက်ရှာနေကြပြီး အဘီ့ဆီမှာ ရှိနေတယ်လို့ ထင်မြင်နေကြပါတယ်။ အဘီဟာ အန္တရာယ်နှစ်ခုကြားမှာ ကြားညပ်နေပါတော့တယ်။ ဒီအချိန်မှာပဲ အွန်လိုင်းသတင်းထောက် အက်ရှ်ဝင် က ကီရန်ရဲ့ သေဆုံးမှုဟာ လူသတ်မှု ဖြစ်နိုင်ကြောင်း သံသယနဲ့ အဘီ့ကို ချဉ်းကပ်လာပါတယ်။ သူတို့နှစ်ယောက် အတူတူ ပူးပေါင်းပြီး အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားကြချိန်မှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှူရမဲ့ကားကောင်းလေးတစ်ကားပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း