ဇာတ်ကားများ ရွေးရန်

Chattuli

2025ဇာတ်ကားWeb-dl 1080p

မာရီ ဆိုတဲ့ မျက်မမြင်လူတစ်ယောက်ဟာ တောင်ပေါ်မှာ တစ်ယောက်တည်းနေပြီး ဆေးဖက်ဝင်အပင်တွေ ရှာဖွေရောင်းချတဲ့သူပါ။ မာရီ မျက်လုံးမမြင်ရတဲ့ နောက်ကွယ်မှာ အကြောင်းအရာလေးတွေ ရှိပါတယ်။ တစ်နေ့မှာ သူနဲ့အရမ်းရင်းနှီးတဲ့ သွန်ဘီ ဆိုတဲ့ ဆယ်တန်းကျောင်းသူလေး ပျောက်သွားတယ်။ တစ်နေ့တည်းမှာပဲ တောအုပ်ထဲမှာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ခြေထောက်ဒဏ်ရာနဲ့ အကူအညီတောင်းနေတာကို မာရီတွေ့ပြီး ကယ်ထားလိုက်ရတယ်။ တစ်ဘက်မှာ ထိုဒေသရဲ့ နိုင်ငံရေးအကြီးအကဲနဲ့ ရဲအရာရှိတို့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်း သမားတွေ။ သူတို့နဲ့ ဒီကိစ္စတွေက ဘယ်လိုပက်သက်နေမလဲ။ ကောင်မလေး ဘာကြောင့်‌ ပျောက်သွားတာလဲ၊ ခြေထောက်ဒဏ်ရာနဲ့ကောင်လေးကရော တောထဲ ဘယ်လိုရောက်လာတာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မာရီ အဖြစ် မင်းသားကြီး Jaffer Idukki ၊ ရဲအရာရှိ အဖြစ် မင်းသား Shine Tom Chacko နဲ့ ကန်နမ် အဖြစ် မင်းသား Karthik Vishnu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း