ဇာတ်ကားများ ရွေးရန်

Hedda

2025ဇာတ်ကားWeb-dl 1080p

1890 ခုနှစ်လောက်က ရှုပ်ထွေးနားလည်ရခက်ပြီး လူတွေကို လွှမ်းမိုးချင်တဲ့ ဟက်ဒါဂါဘလာဆိုတဲ့ အမျိုးသမီးအကြောင်းကို တင်ဆက်ထားတာပါ။ အမျိုးသမီးတွေကို ပစားမပေးဘဲ ဖိနှိပ်ကန့်သတ်ထားတဲ့ခေတ်မှာ lesbian စုံတွဲတွေနဲ့ လွတ်လပ်မှုအတွက် ရုန်းကန်ရပုံတွေကိုပါ ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းအစမှာ ဟက်ဒါက သူ့ခင်ပွန်းနဲ့အတူ ခမ်းနားတဲ့စံအိမ်ကြီးမှာ ပါတီပွဲကြီးပေးဖို့ ပြင်ဆင်နေပါတယ်။ တကယ်တော့ ဟက်ဒါက စည်းစိမ်ချမ်းသာတွေနဲ့ သူအလိုရှိသလိုထိန်းချုပ်ချင်လို့ အချစ်ဟောင်းအယ်လင်းကိုပစ်ပြီး ဒီခင်ပွန်းကိုယူခဲ့တာပါ။ သူတို့က မိန်းမချင်းကြိုက်တာဖြစ်တဲ့အတွက် အဲဒီခေတ်မှာ ရင်ဆိုင်ဖို့ သတ္တိမရှိတာလည်း ပါပါတယ်။ ဒီညပွဲကလည်း ပါတီအကြောင်းပြပြီးခင်ပွန်းကို ပါမောက္ခရာထူးရအောင် လုပ်ပေးမယ့်ပွဲပါ။ ဒါမဲ့ ပါတီကို သူ့ရည်းစားဟောင်းအယ်လင်းက ချစ်သူအသစ်နဲ့တက်လာပြီး အယ်လင်းကပါ ပါမောက္ခနေရာအတွက် သူ့ခင်ပွန်းအတွက် ပြိုင်ဘက်ဖြစ်လာတဲ့အခါ မနာလိုမှုတွေ အတိတ်ကဝေဒနာတွေစုပြုံလာပြီး ခြယ်လှယ်ဖို့ ကြိုးစားမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း