The Y
ဇာတ်လမ်းအစမှာ Y ပုံသဏ္ဍာန် လမ်းကွေ့တစ်ခုမှာ ကားမှောက်ပြီး မိသားစုတွေ သေသွားကြတယ်။ လက်ထပ်ပြီးခါစ ဇနီးမောင်နှံဖြစ်တဲ့ ယူဗမ် ဆိုတဲ့ ကောင်လေးနဲ့ ဒီရှာ ဆိုတဲ့ စကားမပြောနိုင်တဲ့ကောင်မလေးတို့က အိမ်ကြီးတစ်လုံးကို ပြောင်းရွှေ့လာတယ်။ လက်ဆောင်ပို့လိုက်တဲ့ ရှေးဟောင်းနာရီကြီးတစ်လုံးက ၁၁နာရီ ၅မိနစ် ရောက်ရင် အချက်ပေးသံထွက်လာပြီး တစ်အိမ်လုံးရဲ့မီးတွေကလည်း တစ်ဖျပ်ဖျပ်ဖြစ်သွားတာက နေ့တိုင်းလိုလိုပါပဲ။ စိတ်ဒဏ်ရာရထားတဲ့ ဒီရှာ ဟာ ထိုအချိန်ရောက်ရင် မူမမှန်တဲ့ခံစားချက်တွေဖြစ်လာပါတယ်။ ဇာတ်လမ်းအစက ကားအက်ဆီးဒန့် နဲ့ ဒီအဖြစ်အပျက်တွေက ဘယ်လို ဆက်စပ်နေမလဲ။ ဒီရှာ့အတွက် စိတ်ရောဂါအထူးကုဆရာဝန်ကို အိမ်ခေါ်ပြီး ကုသချိန်မှာ ပြဿနာတွေရဲ့ အရင်းအမြစ်က ဘာဆိုတာ သေချာသိလိုက်ရပေမယ့် အဲ့ဒီအဖြေကရော အမှန်တရားဟုတ်ပါ့မလား ဆိုတာကို ကြောက်ကြောက်နဲ့ စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ယူဗမ် အဖြစ် မင်းသား Yuvan Hariharan ၊ ဒီရှာ အဖြစ် မင်းသမီး Leonilla D' Souza နဲ့ စိတ်ရောဂါအထူးကုဆရာဝန်အဖြစ် မင်းသားကြီး Kamal Ghimiray တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း