The Silent War
ဒီတစ်ခေါက်မှာတော့ The Silent War (听风者) ဆိုတဲ့ တရုတ်ပြည် စစ်အေးကာလကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၅၀ ခုနှစ် စစ်အေးကာလမှာ တရုတ်ပြည်အတွင်း 701 လို့ခေါ်တဲ့ သတင်းအချက်အလက်ဖမ်းယူရေးအဖွဲ့တစ်ဖွဲ့ရှိခဲ့ပါတယ်။ 701 ဟာ တစ်ဖက်ရန်သူတွေရဲ့ ရေဒီယိုလှိုင်းတွေကို ဖမ်းယူပြီး လျှို့ဝှက်ကုဒ်များကို ဖော်ထုတ်ကာစစ်ဆင်ရေးတွေလုပ်တဲ့ အဖွဲ့ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ဖမ်းယူထားတဲ့ ရေဒီယိုလှိုင်းတွေရဲ့ အသံကို ဖမ်းယူလို့မရတော့တာကြောင့် အဖွဲ့ခေါင်းဆောင် ကျန်းရွှယ်နင်က ငယ်စဉ်ကတည်းက မျက်စိကွယ်သွားရပြီး အကြားအာရုံအရမ်းကောင်းတဲ့ ဟယ်ပင်းကို 701 အဖွဲ့မှာ အလုပ်ခန့်ခဲ့ပါတယ်။ဟယ်ပင်းဟာ အကြားအာရုံ အလွန်ကောင်းတာကြောင့် အသံကိုရှင်းလင်းစွာ ခွဲခြားနိုင်သူဖြစ်ပြီး သူရဲ့ အရည်အချင်းကြောင့် အဖွဲ့ဝင်တွေအတွက် အရေးကြီးတဲ့ အချက်အလက်များ ရရှိလာကာ များစွာသော သေခြင်းတရားနဲ့ ရှုပ်ထွေးမှုတွေထဲထဲကနေ လွတ်မြောက်အောင်မြင်စေခဲ့ပါတယ်။ ကျန်းရွှယ်နင်က ဟယ်ပင်းရဲ့ မျက်စိကို ကုသဖို့ အထူးကုဆရာဝန်တစ်ယောက်ကို ရှာဖွေပြီး မျက်စိပြန်မြင်အောင် ကူညီပေးခဲ့ပြီး အဖွဲ့ခေါင်းဆောင် ကျန်းရွှယ်နင်နဲ့ ဟယ်ပင်းကြားမှာ ထူးခြားတဲ့ မိတ်ဆွေသံယောဇဉ်တွေ ရှိလာခဲ့ပါတယ်။သို့သော် အဆုံးသတ် တိုက်ပွဲအတွက် ကျန်းရွယ်နင်တစ်ယောက် အန္တရာယ်ရှိတဲ့ စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နေတဲ့အချိန်မှာ ဟယ်ပင်းရဲ့ မှားယွင်းတဲ့ လျှို့ဝှက်ကုဒ်ဖော်ထုတ်မှုကြောင့် အန္တရာယ်ကျရောက်သွားတဲ့ အချိန်မှာတော့ ဟယ်ပင်းတစ်ယောက် ယူကြုံးမရတဲ့ နောင်တတွေနဲ့ သူမျက်လုံးကို ပြန်မမြင်ရတော့အောင် ဖျက်စီးကာ ကျန်းရွှယ်နင်အတွက် ရန်သူတွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း