ဇာတ်ကားများ ရွေးရန်

Kantara A Legend: Chapter 1

2025ဇာတ်ကားWeb-dl 4K SDR

ဒဏ္ဍာရီလာဇာတ်လမ်းတစ်ပုဒ်အရ ဘန်ဂရာတိုင်းသူပြည်သားတွေဟာ မလှမ်းမကမ်းမှာရှိတဲ့ ကန်တာရာတောအုပ်ကြီးထဲမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုကို အရမ်းမုန်းတီးပြီး တောအုပ်ထဲကို ဘယ်သူမှ မသွားကြပါဘူး။ ဘန်ဂရာပြည်ကြီးကတော့ နိုင်ငံခြားသားတွေနဲ့ ကုန်သွယ်မှုတွေလုပ်ပြီး စည်ပင်ဝပြောနေချိန် တစ်ဖက်မှာတော့ တောအုပ်ထဲက ကန်တာရာမျိုးနွယ်စုက ကျောက်ခေတ်က လူနေမှုအဆင့်အတန်းသာသာပဲရှိပါတယ်။ ဘဲရ်မဲ ဆိုတဲ့ ကောင်လေးက သူ့မျိုးနွယ်စုရဲ့ ဘဝတွေ တိုးတက်ပြောင်းလဲစေဖို့ တောအုပ်ထဲက ရှားပါးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဆေးဖက်ဝင်အပင်တွေကို သူတို့လိုအပ်တဲ့ပစ္စည်းတွေနဲ့ ကုန်သွယ်မှု လုပ်တော့ အရမ်းအောင်မြင်ပြီး ဘန်ဂရာသားတွေ မနာလိုဖြစ်လာကြတယ်။ အချစ်ရေးအရဆိုရင် ဘဲရ်မဲ နဲ့ ဘန်ဂရာပြည်ရဲ့ ဘုရင့်သမီးတော်တို့ မေတ္တာမျှသွားကြတဲ့အခါ ဒဏ္ဍာရီအရ အမုန်းတရားတွေအပြင် စီးပွားရေးအရ ပြိုင်ဆိုင်မှုပါ တိုးလာတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာကို နတ်ကိုးကွယ်မှုအပေါ် ဦးစားပေးရိုက်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘဲရ်မဲ အဖြစ် မင်းသား Rishab Shetty နဲ့ ဘုရင့်သမီးတော် အဖြစ် မင်းသမီး Rukmini Vasanth တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း