ဇာတ်ကားများ ရွေးရန်

Ice Fall

2025ဇာတ်ကားWeb-dl 1080p

အမေရိကမြောက်ပိုင်းက ရေခဲပြင်တွေပေါ်မှာ စွန့်စားတဲ့ Crime Thriller အမျိုးအစားဖြစ်ပါတယ်။ ဒုစရိုက်လောဘသားအဖွဲ့တစ်ဖွဲ့က လုယက်လာတဲ့ငွေတွေကို လေယာဉ်နဲ့အပို့မှာ လေယာဉ်က အေးခဲနေတဲ့ ရေကန်ထဲပျက်ကျသွားပါတယ်။ သန်းနဲ့ချီတဲ့ဒေါ်လာတွေလည်း ရေအောက်ရောက်သွားတာပေါ့။ ဒီလေယာဉ်ကို တရားမဝင်ငါးခိုးဖမ်းတဲ့ ဟာလန်ဆိုတဲ့လူက တွေ့သွားပြီး ငွေတစ်အိတ်ယူလာတဲ့အချိန် အဲဒီမြေရဲ့အစောင့် နယ်ခံအန်နီက မသင်္ကာလို့ စစ်ရင်း အဖြစ်မှန်ကို သိလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ငွေတွေပြန်ယူဖို့ ရောက်လာတဲ့ လူဆိုးအဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ထွက်ပြေးရပါတယ်။ ရေခဲအကြောင်း နောကျေနေတဲ့ ဌာနေအမေရိကန်အန်နီက လေယာဉ်တည်‌နေရာသိတဲ့ ဟာလန်ကိုခေါ်ပြေးပြီး နောက်ကလိုက်လာတဲ့ လောဘသားတွေနဲ့ နောက်ဆုံးမှာ ရင်ဆိုင်ရပါတယ်။ ဒုစရိုက်သမားတွေရဲ့ သွားရာလမ်းကတော့ အားလုံးသိတဲ့အတိုင်းပဲဖြစ်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း