Anak Kunti
ဒီကားလေးကတော့ သေဆုံးသွားပေမယ့် သားသမီးအပေါ်စွဲလမ်းနေတဲ့ ကွန်တီလာနာ့ဆိုတဲ့ သရဲမရဲ့မိခင်မေတ္တာစိတ်ကို ဖော်ကျူးထားတဲ့ အင်ဒိုနီးရှားသရဲကားလေး ဖြစ်ပါတယ်။ ဆာရာက အစ္စလာမ်ဘော်ဒါကျောင်းတစ်ကျောင်းမှာ တက်ရောက်နေတဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘော်ဒါကျောင်းရဲ့တာဝန်ခံဆရာမတို့လင်မယားရဲ့အုပ်ထိန်းမှုနဲ့ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဆာရာတစ်ယောက် ထူးဆန်းတဲ့အိမ်မက်တစ်ခုမက်လာခဲ့ပြီး သူ့ကို ကျောင်းလာအပ်ပေးခဲ့တဲ့ အာမီနာဆိုသူအမျိုးသမီးကို လိုက်ရှာဖို့ဖြစ်လာပါတယ်။ အဲဒီအမျိုးသမီးနေတဲ့ ဝိုနိုအင်းဂယ်လ်ကျေးရွာကတော့ ဆာရာ့အတန်းဖော်သူငယ်ချင်း အာဇီဇာနေတဲ့ရွာလေးဖြစ်ပြီး သူငယ်ချင်းအကူအညီနဲ့ အာမီနာ့ကို လိုက်ရှာပါတော့တယ်။ ဝိုနိုအင်းဂယ်လ်ကျေးရွာလေးက ဘာသာရေးကို မယုံကြည်ပဲ နတ်ဆရာမ မဒမ်ဒါမီရဲ့သြဇာလွှမ်းမိုးခံထားရတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီရွာမှာ ခဏတည်းခိုရင်း ဆာရာတစ်ယောက် အာမီနာ့ကို ရှာတွေ့နိုင်ပါ့မလား၊ သူ့မိဘအရင်းတွေကရော ဘယ်သူတွေဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း