The Return of the God of Gamblers
ဒီတစ်ခေါက်မှာတော့ ဟောင်ကောင်မင်းသားကြီး Chow Yun-fatရဲ့ "God of Gamblers' Return" (赌神之再战江湖, 1994) ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🎬 ဇာတ်လမ်းအကျဉ်း ကောင်းကျင့်ဟာ လောင်းကစားလောကမှာ လောင်းကစားနတ်ဘုရားအဖြစ် နာမည်ကျော်ကြားတဲ့သူဖြစ်ပါတယ်။သူဟာ လောင်းကစားလောကကနေအနားခဲ့တာ လေးနှစ်တာကြာမြင့်နေပြီဖြစ်ပြီး သူမိန်းမနဲ့အတူ မကြာခင်မှာမွေးဖွားလာတော့မယ့် သူတို့သားလေးကို စောင့်မျှော်ရင်း ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။တစ်နေ့မှာတော့ ကောင်းကျင့် ရဲ့ ရန်သူဟောင်း ဆန်စွေ့ချီးဟာ သူတို့မိသားစုနေထိုင်ရာအိမ်ကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်...ဒီတိုက်ခိုက်မှုကြောင့် သူ့ဇနီးဖြစ်သူဟာ ရက်ရက်စက်စက်အသတ်ခံခဲ့ရပြီး သူ့သားဟာလည်း သေဆုံးသွားခဲ့ရပါတယ်။သူဟာ ဆန်စွေ့ချီးကို လက်စားပြန်ချေချင်သော်လည်း သူ့ဇနီးမသေဆုံးခင် တစ်နှစ်တာကာလပတ်လုံး လောင်းကစားမလုပ်ရဘူးဆိုတဲ့ ကတိကို တောင်းဆိုခဲ့တာကြောင့် သူ့သောကတွေကို ဖြေဖျောက်ရန် နိူင်ငံအနှံ့ခရီးထွက်နေခဲ့ပါတော့တယ်။သို့သော် သူ့ရင်ထဲမှာ တောက်လောင်နေတဲ့ အပူမီးဟာတော့ လုံးဝမငြိမ်းသက်နိူင်ခဲ့ပါဘူး။ဒီလို့နဲ့ တစ်နှစ်ပြည့်ရန် ရက်ပိုင်းအလိုမှာ ခရီးထွက်ရင်း မတော်တဆဝင်ရောက်ကူညီလိုက်သော အဖြစ်အပျက်တစ်ခုမှ အစပြုကာ သူ့ရဲ့ ရန်သူတော်ဆန်စွေ့ချီးနဲ့ နောက်တစ်ကြိမ် လက်ရည်ယှဉ်ပြိုင်ရမယ့် ကိစ္စနဲ့ကြုံလာရတဲ့ အချိန်မှာတော့ ကောင်းကျင့် တစ်ယောက် ဇနီးနဲ့ သားအတွက် အတိတ်က ရန်ငြိုးကို လက်စားချေနိူင်ပါ့မလားဆိုတာကို Chow Yun-fatရိုက်ကူးတဲ့ ဇာတ်ကားတို့ရဲ့ ထုံးစံအတိုင်း ဟာသနှောကာ အက်ရှင်ခန်းအမိုက်စားတွေနဲ့ ကြည့်ရှုခံစားပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း