Madam Chief Minister
ဒီဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပေမဲ့ တော်တော်လေး သွေးဆူစရာကောင်းတဲ့ နိုင်ငံရေး လက်စားချေမှု ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ဘဝမှာ အနိမ့်ကျဆုံး နေရာကနေ စတင်ခဲ့ရသူပါ။ ကိုယ်ချစ်ရတဲ့ နိုင်ငံရေးသမားလောင်းက သူ့ကို အသုံးချ သစ္စာဖောက်ရုံတင်မကဘူး ကိုယ်ဝန်ကိုပါ ရက်ရက်စက်စက် ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန်မှာ သူ့ကို နိုင်ငံရေးခေါင်းဆောင် ဆရာကြီးက ကယ်တင်ခဲ့ပြီး သူ့ရဲ့ ဒေါသနဲ့ ဉာဏ်ရည်ကို နိုင်ငံရေးလောကထဲ လမ်းကြောင်းပေးလိုက်တယ်။ ဒီဇာတ်လမ်းရဲ့ အကောင်းဆုံးအပိုင်းက သူ ဝန်ကြီးချုပ် ဖြစ်လာတဲ့အထိ အဆင့်ဆင့် တက်လှမ်းပုံပါပဲ။ သူက ကြောက်စရာကောင်းလောက်အောင် ပါးနပ်တယ်။ ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ရဲတယ်။ ဒါအပြင် အာဏာရဲ့ ဆွဲဆောင်မှုနဲ့ အန္တရာယ်အကြောင်းကိုပါ ပြထားတာပါ။ အချစ်၊ သစ္စာစောင့်သိမှု၊ လက်စားချေမှု အားလုံး ရောထွေးနေပြီး ဘယ်သူ့ကိုမှ မယုံရဲလောက်အောင် ဇာတ်အိမ်ခိုင်မာပါတယ်။ ခံရသူ ဘဝကနေ အနိုင်ယူသူ ဖြစ်လာရုံမက သူ့ကို ထိခိုက်စေသူ မှန်သမျှကို ပြန်ချေမှုန်းနိုင်တဲ့ အာဏာရှင်မ တစ်ယောက်အဖြစ် ပြောင်းလဲသွားပုံကို တကယ့်ကို ထိထိမိမိကြည့်ရှူရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း