Roofman
ခေါင်မိုးကတစ်ဆင့် Mc Donald ဆိုင်တွေကို ဓားပြတိုက်လို့ "ခေါင်မိုးလူသား"အဖြစ် နာမည်ကျော်တဲ့ ရာဇဝတ်သား ဂျက်ဖရီမန်ချက်စတာရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားပြီး ဇာတ်လမ်းအဆုံးမှာ အပြင်ကလူတွေကို အင်တာဗျူးသဘောမျိုး မေးထားတာပါ ထည့်ပေးထားပါတယ်။ ဂျက်ဖရီက စစ်ပြန်တစ်ယောက်ဖြစ်ပြီး အပြင်ကလောကမှာ ဘာမှမလုပ်တတ်လို့ သူ့မိသားစုလိုတာတွေအတွက် မက်ဒေါ်နယ်ဆိုင်တွေကနေ ဓားပြတိုက်ပြီးရှာပေးပါတယ်။ တစ်ခါမှာ သူ့ကိုဖမ်းမိသွားလို့ မိသားစုက အဆက်ဖြတ်တာခံရပြီး ထောင်ဒဏ်နှစ်ရှည်ကျခဲ့ပါတယ်။ ဒါပေမဲ့ မဟုတ်တဲ့နေရာမှာ ဉာဏ်ကောင်းတဲ့ဂျက်ဖရီက ထောင်ကနေ ထွက်ပြေးလာပြီး အရုပ်ဆိုင်ကြီးထဲမှာ ပုန်းအောင်းနေထိုင်ခဲ့ပါတယ်။ တကယ်ဆို သူ့ကိုဖမ်းမမိနိုင်မယ့် တခြားနိုင်ငံဆီ ထွက်ပြေးသင့်ပေမယ့် မထင်မှတ်ဘဲ အရုပ်ဆိုင်ဝန်ထမ်း ကလေးနှစ်ယောက်အမေ တစ်ခုလပ်အမျိုးသမီး လိဂ်ကို ချစ်မိသွားပြီး ယောင်လည်လည်နဲ့ ဆက်နေဖြစ်သွားပါတယ်။ လိဂ်က ဘုရားကျောင်းမှာ အရုပ်လှူတဲ့တာဝန်ယူထားတဲ့အတွက် ဆိုင်ကအရုပ်တွေပါ ခိုးပေးပြီး လိဂ်တို့အတွက် ဖြည့်ဆည်းပေးဖို့ ခိုးမှုတွေ ဆက်ကျူးလွန်မိပါတယ်။ လိဂ်ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတော့ လူကောင်းတစ်ယောက်အဖြစ် အများက သဘောကျတဲ့ဘဝကို ပျော်မွေ့သွားတာလည်း ပါပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူ့ကိုရဲလက်အပ်တဲ့လူက လိဂ်ဖြစ်နေပြီး ဒီတစ်ခါမှာတော့ ဂျက်ဖရီကထောင်ကနေ ထွက်ပြေးလိုစိတ်မရှိတော့ပါဘူး။ ဥပဒေအရ ရာဇဝတ်ကောင်ဖြစ်ပေမယ့် ဆိုင်ဝန်ထမ်းတွေကရော ဘုရားကျောင်းအသိုင်းအဝိုင်းကပါ ဂျက်ဖရီကို သဘောကောင်းတဲ့လူအဖြစ် သတ်မှတ်ကြတာကို ပရိသတ်တွေ သုံးသပ်ဖို့ ထည့်ပေးထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း