ဇာတ်ကားများ ရွေးရန်

Baramulla

2025ဇာတ်ကားWeb-dl 1080p

လူစည်ကားတဲ့ မျက်လှည့်ပွဲတစ်ခုရဲ့ အလယ်ဗဟိုကနေ ကလေးတစ်ယောက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားရာကနေ ဒီဇာတ်လမ်းက စတင်ပါတယ်။ ရိုးရှင်းတဲ့ ပြန်ပေးဆွဲမှုတစ်ခုလို့ ထင်ရပေမဲ့ ဒီအမှုကို စုံစမ်းဖို့ အထူးတာဝန်နဲ့ ရောက်လာတဲ့ ရဲအရာရှိတစ်ယောက်အတွက်တော့ ဒါက ယုံကြည်ရခက်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးနဲ့ ထုပ်ပိုးထားတဲ့ ပဟေဠိကြီးတစ်ခုရဲ့ အစပဲ ဖြစ်နေခဲ့ပါတယ်။ သူနဲ့ သူ့မိသားစု ပြောင်းရွှေ့လာတဲ့ အိမ်ကြီးကိုယ်တိုင်ကလည်း ထူးဆန်းတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဇာတ်လမ်းက ဒီနေရာမှာ လမ်းကြောင်းနှစ်ခု ကွဲသွားပါတယ်။ တစ်ဖက်မှာ ရဲအရာရှိက ကလေးတွေကို ပစ်မှတ်ထားနေတဲ့ အန္တရာယ်ကြီးတဲ့ မြေအောက်အဖွဲ့အစည်းတစ်ခုကို အသည်းအသန် လိုက်လံစုံစမ်းနေရပါတယ်။ အမှုက သူထင်ထားတာထက် ပိုပြီး နက်နဲ ရှုပ်ထွေးလာတဲ့အပြင် သူ့ရဲ့ ကိုယ်ပိုင်မိသားစုဝင်တစ်ဦးပါ ဒီအရှုပ်အထွေးထဲ ပါဝင်ပတ်သက်လာတဲ့အခါ အခြေအနေတွေက ပိုပြီး တင်းမာလာပါတော့တယ်။ နောက်တစ်ဖက်မှာ သူ့ဇနီးဖြစ်သူက သူတို့နေထိုင်တဲ့ အိမ်ကြီးထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ မကျွတ်မလွတ်သေးတဲ့ အတိတ်က နာကျင်စရာ အရိပ်မည်းကြီးတစ်ခုကို စတင်တွေ့ကြုံခံစားလာရပါတယ်။ အိမ်ကြီးရဲ့ နံရံတွေနောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ပိုင်ရှင်ဟောင်းတွေရဲ့ ကြေကွဲဖွယ်ရာ ကံကြမ္မာတွေက သူ့ကို တစ်စုံတစ်ခုကို သတိပေးဖို့ ကြိုးစားနေသလိုပါပဲ။ ပျောက်ဆုံးသွားတဲ့ ကလေးတွေ၊ အိမ်ကြီးထဲက သတိပေးနေတဲ့ အရိပ်တွေနဲ့ လျှို့ဝှက်ထားတဲ့ သစ္စာဖောက်မှုတွေအားလုံးက မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ တစ်ခုတည်း ချိတ်ဆက်နေတယ်ဆိုတာကို သူတို့ သိလာရတဲ့အခါ... ဘယ်သူ့ကို ယုံရမလဲ ဘယ်သူက သစ္စာဖောက်လဲဆိုတာ ခန့်မှန်းရခက်စေပြီး အဆုံးထိ ကြည့်ရှုသူကို ဆွဲခေါ်သွားမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်မှု၊ ရင်တမမ ဖြစ်ရတဲ့ စုံထောက်ဇာတ်လမ်းနဲ့ သရဲဇာတ်လမ်းပုံစံတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လုံးဝ လက်မလွှတ်သင့်ပါဘူး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့‌ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း