ဇာတ်ကားများ ရွေးရန်

A Woman Scorned

2025ဇာတ်ကားWeb-dl 1080p

ဒီရုပ်ရှင်က သွေးထွက်သံယို အက်ရှင်-သည်းထိတ်ရင်ဖိုကားလေးပါ။ အဓိကဇာတ်လမ်းကတော့ ရိုးရိုးလေးပဲ။ ဇာတ်လမ်းအကျဉ်းချုပ် ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဂျက်စ် (Jas) နဲ့ လော်ရာ (Laura) တို့ဟာ စိတ်အပန်းဖြေဖို့အတွက် အင်္ဂလန်ကျေးလက်ဒေသက အိမ်တစ်လုံးဆီ ခဏတာ အနားယူဖို့ ရောက်လာကြတယ်။ ဂျက်စ်က သူ့ရဲ့ အတိတ်က အကြမ်းဖက်ခဲ့တဲ့ ရည်းစားဟောင်းကြောင့် စိတ်ဒဏ်ရာတွေ ရှိနေသူပေါ့။ အဲဒီလို အေးအေးဆေးဆေး ရှိနေတုန်းမှာပဲ ရန်ဒီ (Randy) ဆိုတဲ့ လူယုတ်မာ ခေါင်းဆောင်တဲ့ လူအုပ်စုတစ်ခုနဲ့ တွေ့ကြတယ်။ မိတ်ဆွေဖွဲ့ချင်ဟန်ဆောင်ပေမဲ့ သူတို့က ရာဇဝတ်သားတွေ။ ညဘက်ရောက်တော့ ဂျက်စ် အပြင်ခဏထွက်တုန်းမှာ ရန်ဒီတို့အဖွဲ့ဟာ သူတို့တည်းခိုတဲ့အိမ်ထဲ အတင်းဝင်ရောက်ပြီး လော်ရာကို ရက်ရက်စက်စက် သတ်ဖြတ် လိုက်ကြတယ်။ ဈေးကနေပြန်လာတဲ့ ဂျက်စ်ဟာ သူ့အစ်မရဲ့ သွေးချောင်းစီးနေတဲ့ ရုပ်အလောင်းကို တွေ့လိုက်ရတဲ့အခါ... သူ့ရဲ့ ဝမ်းနည်းမှု၊ ဒေါသတွေဟာ အဆုံးစွန်ထိ တက်သွားပြီး အတိတ်က စိတ်ဒဏ်ရာတွေကိုပါ တွန်းလှန်ကာ လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူက တစ်ကိုယ်တော် စစ်သည်တစ်ဦးလိုပဲ ဓားတွေ၊ ပုဆိန်တွေ၊ လက်ထဲရရာ ပစ္စည်းတွေ အကုန်သုံးပြီး သူ့ညီမကို သတ်ခဲ့တဲ့ လူအုပ်စုကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် လိုက်လံရှင်းလင်းပါတော့တယ်။ ရန်ဒီကလည်း လူသစ်တွေခေါ်ပြီး ဂျက်စ်ကို ပြန်တိုက်ခိုက်ပေမဲ့ ဂျက်စ်ရဲ့ ဒေါသနဲ့ ကလဲ့စားစိတ်ဟာ ဘယ်သူမှ တားလို့မရတဲ့ အင်အားဖြစ်နေတာပေါ့။ တစ်ကားလုံးဟာ ကြမ်းကြမ်းတမ်းတမ်း လက်စားချေခန်းတွေနဲ့ ပြည့်နေပြီး ပရိသတ်ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားလို့ ပြောရမယ်ဗျ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း