ဇာတ်ကားများ ရွေးရန်

Thandakaaranyam

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ တောထဲမှာ နေထိုင်တဲ့ မျိုးနွယ်စုတွေရဲ့ သနားစရာ ထိုးကျွေးခံဘဝနဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်းကို မြင်သာအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မူရုဂါ ဆိုတဲ့ကောင်လေးက ရွာမှာ ယာယီ သစ်တောလုံခြုံရေးတာဝန်ကို ထမ်းဆောင်ရင်း အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ မျှော်လင့်ထားသူပါ။ ညီဖြစ်သူကို အစိုးရအလုပ်အနေနဲ့ အမြဲတမ်းသစ်တောလုံခြုံရေးဝန်ထမ်းဖြစ်ဖို့ အစ်ကိုလုပ်သူ ဆာဒါယမ် က ရှိတဲ့မြေကွက်လေးကို ရောင်းချပြီး ISGS ဆိုတဲ့ လေ့ကျင့်ရေးစခန်းကို လွှတ်လိုက်တယ်။ ISGS မှာ ပြင်းထန်တဲ့လေ့ကျင့်မှုတွေလုပ်ရပြီး သတ်မှတ်ထားတဲ့အဆင့်မှီမှ အလုပ်ရမယ်လို့ သိထားကြပေမယ့် တကယ့်အမှန်တရားက အဲ့လိုမျိုး ဟုတ်ရဲ့လား။ အစိုးရရန်ပုံငွေနဲ့ လည်ပတ်ထားတာဟုတ်တဲ့ ဒီလေ့ကျင့်ရေးတပ်ဟာ ဘယ်လိုစခန်းမျိုးလဲ။ မူရုဂါ တစ်ယောက် အဲ့ဒီမှာ ဘယ်လိုဒုက္ခတွေကို ရင်ဆိုင် ကျော်လွှားရမလဲ ဆိုတာကို နိုင်ငံရေးလှည့်ကွက်ဆိုတာ ဘယ်လိုမျိုးလဲ ပေါ်လွင်သွားအောင် ရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မူရုဂါ အဖြစ် မင်းသား Kalaiyarasan ၊ ဆာဒါယမ် အဖြစ် မင်းသား V R Dinesh နဲ့ ပရီယာ အဖြစ် မင်းသမီး Vinsu Rachel တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း