1921
ဒီတစ်ခေါက်မှာတော့ တရုတ်ပြည်ရဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး 1921 ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ (中国共产党) စတင်ဖွဲ့စည်းခြင်းအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ "1921 (2021)" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း 1921 ခုနှစ်တွင် တရုတ်ဟာ မတည်ငြိမ်တဲ့ အချိန်ကာလကို ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာအင်အားကြီးနိုင်ငံတွေဟာ တရုတ်ပြည်ကို ခွဲဝေအုပ်ချုပ်နေကြပြီး နိုင်ငံအတွင်းမှာလည်း အုပ်ချုပ်ရေအင်းအားတွေနှင့် စီးပွားရေးအင်အားနည်းပါးမှုတွေကြောင့် ပြည်သူလူထုဟာ အခက်အခဲတွေ အပြည့်နဲ့ ရင်ဆိုင်နေရချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်လူငယ်အဖွဲ့အစည်းတွေက နိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားလာကြပြီး နိူင်ငံကို ကယ်တင်ဖို့ အယူအဆသစ်တစ်ခုဖြစ်တဲ့ ကွန်မြူနစ်အယူအဆကို လက်ခံကာ စတင်အကောင်အထည်ဖော်လာကြပါတယ်။ တူညီတဲ့အိပ်မက်နဲ့ စိတ်ကူးရှိသူ တရုတ်လူငယ် ၁၃ ယောက်ဟာ နိူင်ငံရဲ့မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီကို 1921 ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ရှန်ဟိုင်းမြို့မှာ စတင်ဖွဲ့စည်းခဲ့ကြပြီး နိုင်ငံအတွက် အသက်ပေးဖို့တောင် မတွန့်ဆုတ်ကြပုံကို လူငယ်တွေရဲ့ အင်အား လွတ်လပ်ရေးစိတ်ဓာတ် နှင့် နိုင်ငံအပေါ် ချစ်စိတ်အပြည့်ရှိမှုတို့ကို အဓိကထား ရိုက်ကူးဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ လက်ရှိနိုင်ငံရေးစနစ်ဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ရာမှာ လူငယ်တွေကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ မျှော်လင့်ချက် နဲ့ ယဉ်ကျေးမှု အပြောင်းအလဲတွေကို သမိုင်းအခြေပြုပုံစံနဲ့ ရိုက်ကူးဖော်ပြထားတဲ့ historical drama လေးဖြစ်တာကြောင့် တရုတ်နယ်စပ်သမိုင်းနဲ့ နိုင်ငံရေးသမိုင်းအပေါ် စိတ်ဝင်စားသူတွေကြားမှာ စိတ်ဝင်စားမှုမြင့်မားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း