ဇာတ်ကားများ ရွေးရန်

Kuttram Pudhithu

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းကတော့ ရိုးရိုး ဘယ်သူသတ်လဲဆိုတာကို လိုက်ရှာရတဲ့ မှုခင်းဇာတ်လမ်းမျိုး လုံးဝမဟုတ်ပါဘူး။ ဒါက ပရိတ်သတ်ရဲ့ ဦးနှောက်ကို အစအဆုံး လှည့်စားပြီး ငါ မြင်နေရတာရော တကယ်ဟုတ်ရဲ့လားလို့ အခါခါ ပြန်မေးခိုင်းမဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းအစမှာ ရဲအရာရှိကြီးတစ်ဦးရဲ့ သမီး ညသန်းခေါင် အိမ်ပြန်ရင်း ပျောက်ဆုံးသွားပါတယ်။ သိပ်မကြာခင်မှာပဲ အော်တိုဒရိုင်ဘာတစ်ယောက်ရဲ့ အိမ်ခန်းထဲမှာ သွေးကွက်တွေ၊ မိန်းကလေးရဲ့ ပစ္စည်းတွေနဲ့ ကြောက်မက်ဖွယ်ရာ သက်သေခံ ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါက ရက်စက်တဲ့ ပြန်ပေးဆွဲ သတ်ဖြတ်မှုတစ်ခုလို့ အားလုံးက တထစ်ချ ယုံကြည်လိုက်ကြပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာမှ စတာပါ။ အစားအသောက်ပို့တဲ့လူငယ်လေးတစ်ယောက်က ရဲစခန်းကို သူ့ဘာသာသူ ရောက်လာပြီး သူသတ်တာလို့ အသေးစိတ်ကျကျ လာဝန်ခံပါတယ်။ ဒါတင်မကဘဲ သူက အတိတ်မှာလည်း တခြားလူတွေကို သတ်ခဲ့ဖူးတဲ့သူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့အခါ အမှုက ပိုပြီး တုန်လှုပ်စရာ ဖြစ်လာပါတယ်။ ပြဿနာက အဲဒီဝန်ခံချက်ကို လိုက်စစ်ဆေးတဲ့အခါမှာ သူ သတ်ခဲ့ဖူးတယ်ဆိုတဲ့ အရင်လူတွေက အသက်ရှင်လျက် ရှိနေတာကို တွေ့လိုက်ရတယ်။ အဆိုးဆုံးက သေပြီလို့ အားလုံးက ထင်ထားတဲ့ ရဲအရာရှိရဲ့သမီးကိုလည်း အသက်ရှင်လျက် ပြန်တွေ့လိုက်ရပါတယ်။ တရားရုံးမှာ တရားခံလို့ ဝန်ခံထားသူနဲ့ သားကောင်လို့ ထင်ရသူ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ သူတို့ရဲ့ ထွက်ဆိုချက်တွေက တစ်ယောက်နဲ့တစ်ယောက် လုံးဝမကိုက်ညီဘဲ ဖြစ်နေပါတယ်။ တရားခံ က ဘာလို့ လာဝန်ခံခဲ့တာလဲ? သားကောင် ကရော တကယ်တမ်း ဘာတွေ ကြုံခဲ့ရတာလဲ? ဆိုတာကို ဦးနှောက်ခြောက်အောင် စဉ်းစားရမဲ့ ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း