Goal! The Dream Begins
ဒီကားလေးကတော့ ဆန်တီရာဂိုဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဆန်တီရာဂိုဟာငယ်ငယ်ကတည်းက ဘောလုံးအားကစားးကိုရူးသွပ်သူတစ်ယောက်ဖြစ်ပြီး အရွယ်ရောက်လာချိန်မှာလည်း သူဟာလော့အိန်ဂျလိစ်က ဒေသခံအသင်းငယ်လေးတစ်ခုမှာ ကစားလိုက်၊ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်လိုက်နဲ့ ဖြတ်သန်းနေတာပေါ့။ တစ်နေ့မှာ သူဘောလုံးကန်နေတာကို ဂလင်းဆိုသူကတွေ့ပြီးသဘောကျကာ သူ့ကို နယူးကာဆယ်ဆိုတဲ့အသင်းမှာ ခြေစွမ်းသွားစစ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကိုဆန်တီရာဂိုက လက်ခံပေမဲ့ သူ့အဖေဖြစ်သူကတော့ သဘောမကျပါဘူး။ မဟုတ်တဲ့အိမ်မက်တွေနောက်မလိုက်ဘဲ ထရပ်ကားတစ်စီးဝယ်ကာသူနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ပဲ ပြောနေသူပါ။ အဖေ့ခွင့်ပြုချက်မရတော့ ဆန်တီရာဂိုက သူ့ဘာသူသွားမယ်ဆိူပြီး တောက်တိုမယ်ရအကုန်လုပ်ကာ ပိုက်ဆံလေးတွေစုပါတော့တယ်။ တစ်နေ့မှာသူ့အဖေက ထရပ်ကားဝယ်ဖို့ဆိုပြီး သူစုထားတဲ့ပိုက်ဆံတွေကိုယူသုံးလိုက်ပါတော့တယ်။ ဆန်တီရာဂိုတစ်ယောက်လည်း စိတ်ဓာတ်ကျနေချိန် အဖွားဖြစ်သူက ရှိတဲ့ပစ္စည်းလေးတွေရောင်းချပြီး လက်မှတ်ဝယ်ကာ ဆန်တီရာဂိုကို အင်္ဂလန်ရောက်အောင်ပို့လိုက်ပါတော့တယ်။ ဆန်တီရာဂိုတစ်ယောက် နယူးကာဆယ်မှာ ခြေစမ်းရင်းဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့....... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ye Myat ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း