ဇာတ်ကားများ ရွေးရန်

Home Alone

1990ဇာတ်ကားBlu-ray 4K SDR

Christmas ရာသီရဲ့ Iconic အဖြစ်ဆုံး Movie Characters တစ်ခုကိုပြောပြပါလို့ပြောလိုက်ရင် လူတော်တော်များများရဲ့ ခေါင်းထဲကိုအရင်ဆုံးရောက်လာတတ်သူကတော့ ဒီရုပ်ရှင်ကားထဲက ‘ကယ်ဗင်မက်ခ်ကယ်လစ်စတာ’ပဲ ဖြစ်ပါတယ်။ Family/ Comedy အမျိုးအစားလေးဖြစ်ပြီးတော့ IMDb 7.7 လောက်ရရှိထားတာပါ။ ဒီရုပ်ရှင်ဇာတ်ကားက မင်းသား Macaulay Culkin ကို အောင်မြင်တဲ့ ကလေးသရုပ်ဆောင်တစ်ဦးဖြစ်စေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ - ကယ်ဗင်တို့မိသားစုက ခရစ်စမတ်မှာ ပဲရစ်ကိုအလည်အပတ်ထွက်ကြမလို့ ပြင်ဆင်နေကြပုံနဲ့ စတင်ထားပါတယ်။ မိသားစုတွေအားလုံးစုပြီး ခရီးထွက်ကြမှာဆိုတော့ သူတို့အိမ်ကြီးထဲ ကလေးတွေက အများကြီးဖြစ်နေရုံသာမက တစ်အိမ်လုံးလည်းဗြောင်းကိုဆန်နေတော့တာပေါ့။ အဲ့မှာ ကယ်ဗင်က သူ့အတွက်ညစာ ချိစ်ပီဇာကို သူ့အစ်ကိုကြီးက စားပစ်လိုက်လို့ဆိုပြီး သူ့အစ်ကိုနဲ့ ရန်ဖြစ်ရင်း အမေလုပ်သူက သူ့ကို အပြစ်ပေးတဲ့အနေနဲ့ အပေါ်ဆုံးထပ်မှာ တစ်ယောက်တည်း ပစ်ထားလိုက်ပါတယ်။ နောက်တစ်နေ့မနက် လေယာဉ်ချိန်အမီ ဝရုန်းသုန်းကားနဲ့ တစ်မိသားစုလုံး ထပြေးကြတော့ ကယ်ဗင်နဲ့ရွယ်တူ အိမ်ရှေ့ကကောင်လေးကို ကယ်ဗင်ပါလာတယ်ထင်ပြီး ပဲရစ်ကို သွားမယ့်လေယာဉ်ပေါ်ကို တက်သွားကြပါရော။ တကယ်တော့ ကယ်ဗင်က အပေါ်ဆုံးထပ်မှာ အိပ်ပျော်နေခဲ့တာပါ။ သူနိုးလာတော့ သူကျန်ခဲ့တာကို ဝမ်းနည်းရမယ့်အစား တစ်အိမ်လုံး သူစိတ်ကြိုက်ကဲလို့ရပြီဆိုပြီး အပျော်ကြီးပျော်တော့တာပေါ့။ ဒါပေမဲ့ ကယ်ဗင်တို့နေတဲ့ သူဌေးရပ်ကွက်ထဲကို ဖောက်ထွင်းဝိဇ္ဇာ ၂ ကောင်က တစ်အိမ်တက်ဆင်း အိမ်လိုက်ဖောက်ရင်း ကယ်ဗင်တို့အိမ်ကိုရောက်လာတဲ့အခါ ... သူ့အိမ်ကြီးကို ၈ နှစ်အရွယ် ကလေးလေး တစ်ယောက်တည်း ဘယ်လိုကာကွယ်မလဲ ... ဖောက်ထွင်းဝိဇ္ဇာ ၂ ယောက်ကို ဘယ်လိုတွေ ပညာပြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း