The Shadow's Edge (Surround Audio)
ဒီတခါမှာတော့ အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် မင်းသားကြီး ဂျက်ကီချန်းရဲ့ အသစ်ထွက်ရှိလာတဲ့ "The Shadow's Edge''ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်း မကာအိုမြို့မှာ နည်းပညာအဆင့်မြင့်တဲ့ လူငယ်ရာဇဝတ်ဂိုဏ်းတစ်ဖွဲ့ဟာ လုံခြုံရေး စနစ်အကြီးစားဖြစ်တဲ့ "Sky Eye" ကို ဟက်ခ်ပြီး ဒစ်ဂျစ်တယ်ငွေကြေး ဘီလီယံများစွာကို လုယက်သွားခဲ့ပါတယ်။ ခြေရာခံမရတဲ့အဆုံး ရဲတပ်ဖွဲ့ဟာ အနားယူနေတဲ့ ထောက်လှမ်းရေး ကျွမ်းကျင်သူ "ဟွမ်တယ်ကျုံး" (ဂျက်ကီချန်း) ကို အကူအညီတောင်းခဲ့ရပါတယ်။ AIနည်းပညာတွေနဲ့တိုးတက်လာတဲ့ ဒီနေ့လိုခေတ်မှာ ခေတ်ဟောင်းဆရာကြီး ဟွမ်တယ်ကျုံးကလည်း လူငယ်တွေနဲ့ နည်းပညာနဲ့ ရိုးရာစနစ်တွေပေါင်းစပ်ကာ ခြေရာခံအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် ထွက်ပြေးလွတ်မြောက်နေတဲ့ ''Shadow'' အရိပ် အမည်ရ လူဆိုးကြီးနဲ့ သူ့ရဲ့ မွေးစားသားတစ်စုကို ဟွမ်တယ်ကျုံးရဲ့ ခြေရာခံအဖွဲ့က ဘယ်လိုတွေ ဖမ်းဆီးပြမှာလဲ... လူဆိုးဂိုဏ်းဘက်မှာလည်း နည်းပညာတော်တဲ့ လူငယ် ဟက်ခ်ကာတွေ ရှိနေပါတယ်။ခေတ်ဟောင်းက လူဆိုကြီး ''အရိပ်''ကို ခေတ်ဟောင်းက ရဲအရာရှိကြီး''ဟွယ်တယ်ကျုံး'' ဘယ်လိုတွေ ဖမ်းဆီးပြမလဲ။ အမှောင်နဲ့အလင်းတိုက်ပွဲကြားက လူငယ်တွေရဲ့ အားပြိုင်မှု နည်းပညာချင်း အားပြိုင်မှုတွေက စိတ်လှုပ်ရှားစရာ ကောင်းပြီး အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းလေး တစ်ကားလို့ပဲ ညွှန်းဆိုပါရစေ။ ရိုးရာ ခြေရာခံနည်းများနဲ့ ခေတ်မီနည်းပညာတွေကြားက ဉာဏ်ချင်းပြိုင်တဲ့ ကြောင်နဲ့ကြွက်တိုက်ပွဲ ကို စိတ်လှုပ်ရှားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း