ဇာတ်ကားများ ရွေးရန်

Bastille Day

2016ဇာတ်ကားWeb-dl 1080p

ဒီကားထဲမှာတော့ နာမည်ကြီးမင်းသားဖြစ်တဲ့ Idris Elba က ခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ Elbaဟာ Marvelနဲ့ DCတို့မှာ Heimdallနဲ့ Bloodsportဆိုတဲ့ နာမည်ကြီး Characterတွေအနေနဲ့ပါဝင်ထားပြီး ဒီကားထဲမှာလည်း သူက CIA အေးဂျင့် Briar အဖြစ် ခပ်ကြမ်းကြမ်း၊ စည်းကမ်းမဲ့သော်လည်း စွမ်းရည်ထက်မြက်တဲ့ ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Elba နှင့် Madden တို့ရဲ့ တွဲဖက် သရုပ်ဆောင်မှုကလည်းအစပိုင်းမှာ ဆန့်ကျင်ဘက် ဖြစ်သော်လည်း နောက်ပိုင်းမှာအပြန်အလှန် အားဖြည့်ပေးသည့် "Odd Couple" ပုံစံမျိုးဖြင့် လိုက်ဖက်စွာသရုပ်ဆောင်သွားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ပါရီမြို့တွင် နေထိုင်သည့် အမေရိကန် ခါးပိုက်နှိုက် Michael Mason သည် ဗုံးပါသည့် အိတ်တစ်လုံးကို မတော်တဆ ခိုးယူမိရာမှ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ သူ့ကို CIA အေးဂျင့် Sean Briar က ဖမ်းဆီးစစ်ဆေးရန် ရောက်လာပေမဲ့ နောက်ပိုင်းနိုင်ငံရေးအရှုပ်တော်ပုံများကြောင့် သူတို့နှစ်ဦးပူးပေါင်းပြီး ဗုံးအိတ်ပိုင်ရှင်အစစ်ကိုရှာဖွေသွားကြမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ye Myat ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း