ဇာတ်ကားများ ရွေးရန်

The Follies

2025ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းတိုလေးတွေကို စုစည်းတင်ပြထားတဲ့ Director Rodrigo García ရဲ့လက်ရာ Anthology film ဖြစ်ပါတယ်။ ဒီထဲက အပိုင်းတိုလေးတွေက တစ်ခုနဲ့တစ်ခု လုံးဝကွဲထွက်နေတာမဟုတ်ဘဲ ဆက်စပ်နေပါတယ်။ အဓိကဇာတ်ကောင် ရေနာတာဆိုတဲ့ အမျိုးသမီးကို ဗဟိုပြုပြီး connect လုပ်ထားတာပါ။ ခြုံငုံပြောရရင် လူတွေက ကိုယ့်ဘာသာသတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ၊ မိသားစုရဲ့မျှော်လင့်ချက်တွေ၊ လူမှုဖိအားတွေကို ဆန့်ကျင်ရာမှာ သူတို့ရဲ့စိတ်ခံစားမှုနဲ့ လုပ်နိုင်စွမ်းကို ဘယ်လောက်ထိ ကန့်သတ်ခံရလဲဆိုပြီး သုံးသပ်ပြသထားတာဖြစ်ပါတယ်။ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်တွေ ပြဿနာအခက်အခဲတွေ အကျပ်အတည်းတွေနဲ့ အချစ်ဇာတ်လမ်း‌တွေကို Short Segments အနေနဲ့ ဇာတ်လမ်းတိုအဖြစ် ထည့်ထားပါတယ်။ ကြည့်ပြီးမှ ပြန်သုံးသပ်ပြီး တွေးယူရမယ့် ဇာတ်လမ်းအမျိုးအစားလို့ ပြောချင်ပါမယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း