ဇာတ်ကားများ ရွေးရန်

The Adventurers

1995ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ ဟောင်ကောင် ကမ္ဘောဒီးယား နဲ့ ထိုင်း နိူင်ငံသုံးခု ဖက်စပ်ကိုကူးထားတဲ့ The Adventurers 1995 ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှောင်ယန် ရဲ့ မိသားစုဟာ သစ္စာဖောက်တစ်ဦးကြောင့် မတရားသတ်ဖြတ်ခံခဲ့ရပြီး ရှောင်ယန်တစ်ယောက်ထဲပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သူ့မိသားစုကို သတ်ခဲ့သူကတော့ ရေးလျိုလို့ခေါ်တဲ့ အကြမ်းဖက်လက်နက်မှောင်ခိုသမား အကြီးစားလူဆိုးပါတစ်ယောက်ပဲ ဖြစ်ပါတယ်။ရှောင်ယန်ဟာ မိသားစုအတွက် လက်စားချေရန် အနှစ် ၂၀ကြာ ကြိုးစားလေ့ကျင့်ခဲ့ပြီး ထိုင်းနိူင်ငံရှိ ဧည့်ခံပွဲတစ်ခုမှာ ရေးလျိုကို လုပ်ကြံခဲ့သော်လည်း မအောင်မြင်ဘဲ သူငယ်ချင်းဖြစ်သူရဲ့ အသက်ပါဆုံးရှုံးသွားခဲ့ရပါတော့တယ်။ထို့ကြောင့် သူဟာ ထိုင်းနိူင်ငံမှ ထွက်ခွာသွားခဲ့ရပြီး မိသားစုအတွက် လက်စားချေပြီး ကိုယ်တိုင် လွတ်မြောက်အောင် ပြန်ကြိုးစားရန်အတွက် လျှို့ဝှက်ဆန့်ကျင်ရေးအဖွဲ့တစ်ခုထဲ ဝင်ရောက်သွားခဲ့ရပါတယ်။ထို့နောက် ရှောင်ယန်ဟာ ထိုအဖွဲ့ရဲ့ အကူအညီဖြင့် ဆန်ဖရန်စစ္စကိုမှာ ကျောင်းတက်နေတဲ့ ရေးလျိုရဲ့ သမီးဖြစ်သူ ခရစ်စတယ်ကို ပစ်မှတ်ထား ချဉ်းကပ်ခဲ့ပါတော့တယ်။အစပိုင်းမှာ ရည်ရွယ်ချက်ရှိရှိချည်းကပ်ခဲ့တာ ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ခရစ်စတယ်အပေါ် ခံစားချက်တွေ ပေါက်ဖွားလာတဲ့ အခါမှာတော့ ရှောင်ယန်တစ်ယောက် ရှောင်လွှဲလို့မရတဲ့ အမိန့်တွေနဲ့ လက်စား‌ေချလိုစိတ်တွေနဲ့ သူ ချစ်ရသူကြား ဘယ်လိုရွေးချယ်မှုတွေ လုပ်ဆောင်ရမလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း