Bugonia
2003 မှာထွက်ခဲ့တဲ့ Korean film "Save The Green Planet" ကို English version remake လုပ်ထားတာဖြစ်ပြီး Emma Stone နဲ့ Jesse Plemons တို့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မစ်ရှယ်(Emma Stone) က ဆေးကုမ္ပဏီတစ်ခုရဲ့ အရေးပါတဲ့အမှုဆောင်ဒါရိုက်တာဖြစ်ပြီး တက်ဒီ(Jesse)ကတော့ သူ့ဝန်ထမ်းပါ။ တက်ဒီက သူတို့နယ်မြေက ပျားတွေသေနေတာ မစ်ရှယ်ရဲ့ဆေးတွေကြောင့်လို့ယူဆပြီး သူ့ညီဝမ်းကွဲနဲ့အတူ မစ်ရှယ်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့တကယ်တမ်း တက်ဒီက မစ်ရှယ်ကို အန်ဒရိုမီဒန်လို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်ထင်ပြီး သူတို့ဧကရာဇ်နဲ့ ညှိနှိုင်းဖို့ ကမ္ဘာမြေပေါ်ကနေ သူတို့မျိုးစိတ်တွေ ထွက်သွားပေးဖို့ ဆွေးနွေးချင်တာပါ။ တက်ဒီရဲ့အမေကလည်း အမ်မာတို့ lab ခန်းမှာ စမ်းသပ်ခံဖြစ်ပြီး ကိုမာဝင်နေတာကြောင့်ရောပါပါတယ်။ အစပိုင်းမှာ တက်ဒီကို စိတ်မနှံ့ဘဲ ထင်ရာယူဆနေတဲ့ စိတ္တဇလို့ထင်ထားပေမယ့် မစ်ရှယ်က သူ့လက်ကလွတ်အောင် ကြိုးပမ်းပြီး နောက်ဆုံးမှာ သူ့လျှို့ဝှက်ကို ထုတ်ပြလိုက်ချိန် စပရိုက်ဖြစ်သွားမယ့် ဒါရိုက်တာ Yorgos Lanthimos ရဲ့ masterpiece လက်ရာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း