Wildcat
ကလေးပြန်ပေးဆွဲခံရတာကို မိဘတွေက လိုက်ကယ်တဲ့ British Action Film ဖြစ်ပါတယ်။ ကလေးမိဘတွေကတော့ သာမန်လူတွေမဟုတ်ဘဲ တစ်ချိန်က စစ်ဆင်ရေးလုပ်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေပါ။ အေဒါနဲ့ရိုမန်တို့က အတွဲလိုက် ဒုစရိုက်အလုပ်တွေလုပ်ခဲ့ပြီး အေဒါက မိသားစုဘဝလိုချင်လို့ ရပ်လိုက်ချင်တဲ့အခါမှာ ရိုမန်က သူ့အလုပ်ကို စွန့်လွှတ်ပြီး သာမန်လူဘဝနဲ့မနေနိုင်လို့ ပြတ်စဲသွားပါတယ်။ နှစ်တွေကြာပြီးမှ သူတို့နှစ်ယောက်ပြန်ဆုံတဲ့အချိန် အေဒါမှာ ရှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိနေပါပြီ။ ကလေးအဖေအကြောင်းတော့ သေချာမပြောပြပါဘူး။ ဒါမဲ့ သူတို့ပြန်ဆုံပြီး သိပ်မကြာခင်မှာပဲ အေဒါရဲ့မောင်က လူဆိုးဂိုဏ်းကို သွားရှုပ်မိလို့ အေဒါရဲ့သမီးလေး ပြန်ပေးဆွဲခံရပါတယ်။ သမီးလေးကို ပြန်ကယ်ဖို့နဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ် လန်ဒန်ရဲ့ အမြဲတမ်း နံပါတ်တစ်နေရာလုနေတဲ့ အဆိုးဆုံး ဂိုဏ်းနှစ်ဂိုဏ်းကို ရန်တိုက်ပေးဖို့ အစီအစဉ်ဆွဲပြီး စွန့်စားမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း