Rapid Action
Gao Feng (ကောဖုန်း)ဟာ မူလက ထိပ်တန်းသက်တော်စောင့် (Bodyguard) တစ်ဦး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ဇနီးနဲ့ကလေး သေဆုံးရတာက သူဂရုမစိုက်နိုင်လို့ သူ့ရဲ့ အပြစ်ကြောင့်လို့ ခံယူပြီး သက်တော်စောင့်အလုပ်ကို စွန့်ခွာခဲ့ပါတယ်။ သူက လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပြီး သူ့ရဲ့ညီလေးနဲ့အတူ သာမန် အရပ်သားဘဝနဲ့ သုံးနှစ်ကြာ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သာယာအေးချမ်းတဲ့ သူ့ဘဝလေးထဲကို ကံကြမ္မာမုန်တိုင်း ဝင်ရောက်လာပါတော့တယ်။ သူ့ရဲ့ညီလေး ကောခုန်းရဲ့ ဦးနှောက်ထဲက အကျိတ်ကို မြန်မြန်ခွဲစိတ်ဖို့အတွက် ငွေလိုလာခဲ့ပါတယ်။ အကြွေးတွေဝိုင်းနေတဲ့ ကောဖုန်းဟာ ညီလေးရဲ့ခွဲစိတ်ခအတွက် ငွေချေးဖို့ အခက်ကြုံနေရပါတယ်။ ဒီလိုချိန်မှာ သူဌေးကြီးရဲ့သမီးအတွက် သက်တော်စောင့်အလုပ် လုပ်ပေးဖို့ ကမ်းလှမ်းတာနဲ့ ကြုံရပါတယ်။ အရေးပေါ်ငွေလိုနေတဲ့ ကောဖုန်းတစ်ယောက် သူမလုပ်ချင်တဲ့ သက်တော်စောင့်အလုပ်ကို ဝင်လုပ်ရင်း....အရင်က သူ့ကို မုန်းတီးနေတဲ့ ရန်သူတွေ ပြန်လည်ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့... ကောဖုန်းတစ်ယောက် ဘာတွေ ဆက်ဖြစ်မှာလဲ....သူဌေးကြီးရဲ့သမီးကို သက်တော်စောင့်လုပ်ပေးရင် သူရင်ဆိုင်ကြုံတွေ့လိုက်ရတာတွေက ဘာတွေဖြစ်မလဲ??? အက်ရှင်းဇာတ်ကားကြိုက်သူတွေအတွက် စိတ်လှုပ်ရှားမှု ရင်ခုန်မှုတွေ ပေးစွမ်းဦးမယ့်''Rapid Action''လို့ အမည်ရတဲ့ တရုတ်အက်ရှင်ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း