Mr. Handy
ဒီဇာတ်ကားဟာ ၂၀၂၁ ခုနှစ်မှာ Kim Seon-ho နဲ့ Shin Min-a တို့ပြန်လည်ရိုက်ကူးပြီး အရမ်းအောင်မြင်ခဲ့တဲ့ Hometown Cha-Cha-Cha ဇာတ်လမ်းတွဲရဲ့ မူရင်း Original Movie Version ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကိုယ်ကျင့်တရားကို တန်ဖိုးထားလွန်းလို့ အလုပ်ပြုတ်ပြီး မြို့ကနေထွက်လာတဲ့ သွားဆရာဝန်မလေး ယွန်းဟယ်ဂျင်းအကြောင်းနဲ့ စထားပါတယ်။ ဟယ်ဂျင်းတစ်ယောက် ပင်လယ်ကမ်းခြေရွာလေးတစ်ရွာကို ရောက်လာပြီး သွားဆေးခန်းဖွင့်ဖို့ ကြိုးစားပါတယ်။ အဲဒီရွာမှာ ဟုန်းဒူရှစ်ဆိုတဲ့ ထူးဆန်းတဲ့လူတစ်ယောက်ရှိပါတယ်။ ရွာသူရွာသားတွေက သူ့ကို ခေါင်းဆောင်ဟုန်း လို့ ခေါ်ကြပါတယ်။ ခေါင်းဆောင်ဟုန်းက အလုပ်မရှိ အကိုင်မရှိပေမဲ့ ရွာထဲမှာ ဘာကိစ္စဖြစ်ဖြစ် နေရာတကာပါတတ်ပြီး ပစ္စည်းပို့တာကအစ စားပွဲထိုး၊ ဆိုင်စောင့်၊ ဖျော်ဖြေရေး အကုန်လုပ်တတ်တဲ့ ဆရာကြီးတစ်ယောက်ပါ။ အချိုးမပြေတဲ့ ဆရာဝန်မလေးနဲ့ ရွာရဲ့အသည်းကျော် လူတတ်ကြီးတို့ စတွေ့ကတည်းက ကြောင်နဲ့ကြွက်လိုကိုက်ကြရင်းကနေ တဖြည်းဖြည်းသံယောဇဉ်တွယ်ပြီး ချစ်သွားကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Hometown Cha-Cha-Chaရဲ့ Fanတွေအနေနဲ့ မူရင်းဇာတ်ကားရဲ့ အရသာကို ခံစားကြည့်ချင်တယ်ဆိုရင် မဖြစ်မနေ ကြည့်သင့်တဲ့ Classic Rom-Com တစ်ကား ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း