Van Wilder
National Lampoon’s Van Wilder (Van Wilder: Party Liaison) ကတော့ Ryan Reynolds အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ romantic comedy ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဝေဖန်ရေးသမားတွေက ဒီရုပ်ရှင်ကို အပျက်သဘောဆန်တဲ့မှတ်ချက်တွေပြုခဲ့ပေမယ့်လို့ ပရိသတ်တွေအကြားမှာတော့ အတော်လေးပေါ်ပြူလာ ဖြစ်ခဲ့တဲ့ရုပ်ရှင်ပါ။ ဘတ်ဂျက် ဒေါ်လာ၅မီလီယံလောက် သုံးပြီး ရုံတင်ဝင်ငွေက ဒေါ်လာ ၃၈မီလီယံကျော်ဆိုတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ဆိုရမယ်။ ဒီရုပ်ရှင်ရဲ့နောက်မှာတော့ ၂၀၀၆ခုနှစ်မှာ Van Wilder: The Rise of Taj နဲ့ ၂၀၀၉ခုနှစ်မှာ Van Wilder: Freshman Year ဆိုပြီး ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ဗန်ဝိုင်ဒါဆိုတဲ့ တက္ကသိုလ်ကျောင်းသားကြီးက တက္ကသိုလ်ကို ၇နှစ်ရှိပြီ တက်နေတာ၊ စာမတော်လို့ စာမေးပွဲတွေ တဗုန်းဗုန်းကျတာလား ဆိုတော့လည်း မဟုတ်၊ ပထမနှစ်မှာ အေကိုတန်းစီပြီး ရထားတာ။ ဒါပေမဲ့ သူက ကျောင်းပြီးအောင်လည်း မကြိုးစားဘူး။ အဖေက ချမ်းသာတော့ အဖေပို့တဲ့ ကျောင်းလခနဲ့ ပျော်ပျော်နေသေခဲဆိုပြီး ပါတီတွေပဲ ပေးပြီးကဲနေတာ။ လက်ချာလိုက်ဖို့ဆိုပြီး လက်ထောက်တစ်ယောက်ပါ ငှားလိုက်သေးတယ်။ သူက ဘာလို့ ကျောင်းပြီးအောင်မတက်ရတာလဲ။ ဘယ်လိုအကြောင်းရင်းတွေရှိလို့လဲ ဆိုတာကို ကျောင်းသတင်းစာဌာနက အယ်ဒီတာက ဂျာနယ်လစ်မလေးတစ်ယောက်ကို သတင်းလိုက်ခိုင်းလိုက်တဲ့အခါ ဗန်ရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ။ ပါတီတွေရေလည်ပေးပြီး မိန်းကလေးတကာနဲ့ ပတ်အိပ်တတ်တဲ့ တက္ကသိုလ်ကျောင်းသားကြီးကရော ဂျာနယ်လစ်မလေးကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ ဘယ်လိုတွေဆက်လုပ်မလဲ။ အညွှန်းနဲ့ ဘာသာပြန်ကို LYKZ ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း