ဇာတ်ကားများ ရွေးရန်

Goal! III

2009ဇာတ်ကားWeb-dl 1080p

ဘောလုံးဝါသနာရှင်တွေ လက်မလွှတ်ပဲကြည့်ထားသင့်တဲ့ကားလေးလို့ပြောရလောက်တဲ့ "Goal!" ဇာတ်ကားရဲ့တတိယမြောက်ထွက်ရှိခဲ့တဲ့ အပိုင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်လို့ ပြိုင်ပွဲရဲ့ အငွေ့အသက်၊ကမ္ဘာ့အဆင့်မီ ဘောလုံးသမားတွေရဲ့ ပွဲကစားပုံတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကမ္ဘာ့ဖလားပွဲကြီးတစ်ပွဲရဲ့ စိတ်လှုပ်ရှားမှုအပြည့်ကိုဒီဇာတ်ကားကနေ တစ်ဆင့်အပြည့်အဝခံစားစေရမယ်ဆိုတာကို အာမခံပါတယ်နော်။ ပထမနှစ်ပိုင်းမှာ မြင်တွေ့ခဲ့ရတဲ့ စိတ်အားထက်သန်တဲ့ Santiago Munez ရဲ့ ဇာတ်လမ်းအပြင် ဒီတစ်ခါမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းက ကစားသမားနှစ်ယောက်ဖြစ်တဲ့ Liam Adams နဲ့ Charlie Braithwaite တို့ရဲ့ ဇာတ်လမ်းကို ပိုပြီး အာရုံစိုက်ထားတာကိုတွေ့မြင်ရမှာပါ။ ဘောလုံးသမားတွေက ဘယ်လိုဖိအားမျိုးတွေ ကို ကျော်ဖြတ်ရလဲ၊ ပွဲမစခင် ကိုယ်ရေးကိုယ်တာပြဿနာတွေ ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရလဲဆိုတဲ့ လူသားဆန်တဲ့ ဇာတ်ကြောင်း တွေကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ကွင်းထဲမှာတင် မဟုတ်ဘဲ၊ ကွင်းပြင်ပမှာပါ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို သိရှိခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဘောလုံးပွဲတွေရဲ့ စိတ်လှုပ်ရှားမှု၊ ဒရာမာနဲ့ အိပ်မက်တွေကိုအပြည့်အဝခံစားရစေဖို့ "Goal! III:Taking On The World” ကဘောလုံးချစ်သူတွေကြည့်ထားသင့်တဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ zun ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း