Erased
ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ နာမည်ကျော် မန်ဂါစီးရီးမှ သည်းထိတ်ရင်ဖို ရုပ်ရှင် "Erased" ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Tatsuya Fujiwara (Satoru) နဲ့ Kasumi Arimura (Aiko) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်း အကျဥ်း - ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Satoru Fujinuma ဟာ အန္တရာယ်တစ်ခုခု မဖြစ်ခင် အချိန်အတိုလေးကို ပြန်သွားနိုင်တဲ့ "Revival" စွမ်းအားကို ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာတော့ သူ့အမေဟာ လူသတ်သမားလက်ချက်နဲ့ အသတ်ခံလိုက်ရပြီး Satoru ကိုယ်တိုင် မတရား စွပ်စွဲခံရတဲ့အခါ၊ သူ့ရဲ့ စွမ်းအားဟာ သူ့ကို 18 နှစ်အနောက်၊ ကလေးဘဝ ဆီကို ခုန်ပြန်ရောက်ရှိသွားစေခဲ့ပါတယ်။ ကလေးဘဝကို ပြန်ရောက်သွားတဲ့ Satoru တစ်ယောက် သူ့အမေအသတ်ခံရမှုဟာ လွန်ခဲ့တဲ့ 18 နှစ်အရင်က ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်များ ဆက်တိုက်ပျောက်ဆုံးမှုနဲ့ ဆက်စပ်နေကြောင်း သိရှိလိုက်ရပါတယ်။ Satoru ဟာ သူ့ရဲ့ 10 နှစ်သား ခန္ဓာကိုယ် နဲ့ လူကြီးဉာဏ် ကို အသုံးပြုပြီး၊ အဲဒီအဖြစ်ဆိုးတွေကို အစပြုခဲ့တဲ့ လူသတ်သမားကို ဖော်ထုတ်ကာ၊ Kayo Hinazuki အပါအဝင် သူ့ချစ်ရသူအားလုံးကို ဘယ်လို ကယ်တင်နိုင်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ဗျ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ zaw wana ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း