What Women Want
ဒီဇာတ်ကားလေးကတော့ အမေရိကန်ရုပ်ရှင်ကားဖြစ်တဲ့ "What Women Want''(2000) ကို ပြန်လည်ရိုက်ကူးထားတဲ့ တရုတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့ နာမည်ကြီး ဟောင်ကောင် မင်းသားကြီး Andy Lau နဲ့ မင်းသမီးကြီး Gong Li တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း စွင်းဇီကန်း(Andy Lau) ဟာ ကြော်ငြာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး အမျိုးသမီးတွေရဲ့ အတွေးတွေကို နားလည်ဖို့ ခက်ခဲနေသူပါ။ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက် စွင်းဟာ အမျိုးသမီးတွေရဲ့အတွေးထဲကစကားသံတွေကို ကြားနိုင်တဲ့ စွမ်းရည်ကို ရရှိသွားပါတယ်။ စွင်းဇီကန်းတစ်ယောက် ဒီစွမ်းရည်ကို အသုံးချပြီး သူ့ရဲ့ အလုပ်ရှင်အသစ်ဖြစ်သူ လီယိလုံ (Gong Li) ရဲ့ စိတ်ခံစားမှုတွေကို နားလည်ဖို့ ကြိုးစားရင်း.... အလုပ်ခွင်မှာရော...အချစ်ရေးမှာပါ အောင်မြင်မှုရရှိဖို့ ကြိုးပမ်းပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီလိုမျိုး အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ စွင်းဇီကန်းတစ်ယောက် သူ့အလုပ်ခွင်က ပြိုင်ဘက်အမျိုးသမီးလီယိလုံကို ဘယ်လိုမျိုးအနိုင်ယူပြမလဲ... နောက်ဆုံးမှာ အချစ်ဆိုတဲ့အရာကပဲ သူတို့နှစ်ယောက်ကို ပြေလည်သွားစေမှာလား??? ရိုမန့်တစ်နဲ့ဟာသ ကြိုက်နှစ်သက်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေမှုပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း