Tenung
ဒီကားလေးကတော့ အင်ဒိုဟော်ရာကားကိုမှ မိသားစုတွင်းထိခိုက်မှုတွေကို သေချာရိုက်ကူးထားပါတယ်။ အီရာက နာမကျန်းဖြစ်နေတဲ့မိခင်ကြီးကို ပြုစုနေရသူဖြစ်ပြီး မွေးချင်းတွေကလည်း အိမ်မှာမနေပဲ အဝေးရောက်နေကြတာပါ။ ထူးခြားတာက သူတို့ဖခင်ဘယ်သူဘယ်ဝါဆိုတာကို မသိရပဲ သူတို့မိခင်က ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးရင်း သူတို့လေးတွေကို ကျွေးမွေးလာခဲ့တာ ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက အဝေးရောက်နေတဲ့ မောင်နှမတွေကို ပြန်ခေါ်ဖို့ဖြစ်လာပြီး အီရာ့မိခင်ဟာ သာမန်ဖျားနာတာမဟုတ်ပဲ ပြုစားခံရတဲ့လက္ခဏာတွေပါဖြစ်လာကာ အသက်ထွက်သွားပါတော့တယ်။ အီရာ့မိခင်ရဲ့စျာပနဝတ်ပြုဆုတောင်းပွဲ လုပ်နေချိန် အလောင်းပေါ် ကို ကြောင်နက်တစ်ကောင်ခုန်ကျော်ရင်းကနေ အသက်ပြန်ရှင်လာပါတယ်။ အသက်ပြန်ရှင်လာတဲ့ မိခင်ကြီးဟာ ယခင်ပုံစံနဲ့မတူပဲ အပြုအမူတွေပါ ပြောင်းလဲလာတဲ့အချိန်....အီရာတို့မောင်နှမတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... တကယ်ပဲ သူတို့အမေဟာ ပြုစားခံထားရတာလား... နောက်ကွယ်ကတရားခံက ဘယ်သူလဲ... စသဖြင့် ခြောက်ခြားဖွယ်ဇာတ်ဝင်ခန်းတွေနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း