ဇာတ်ကားများ ရွေးရန်

Samurai Fury

2025ဇာတ်ကားအမှတ် 6/10Blu-ray 1080p

ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်သမိုင်းဝင်စာရေးဆရာ Kakine Ryosuke ရဲ့ နာမည်ကျော် ဝတ္ထုမှ ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် "Muromachi Burai" ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Yo Oizumi (Hyoe Hasuda) နဲ့ Shinichi Tsutsumi (Doken) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ​ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဟျို ဟဆူတ ဟာ ၁၅ ရာစုနှစ်ရဲ့ ကသောင်းကနင်း ကျိုတိုမြို့မှာ နေထိုင်တဲ့ သခင်မရှိတဲ့ ဆာမူရိုင်း (ရိုနင်) တစ်ဦးပါ။ ​ဟျို ဟဆူတ ဟာ ဖိနှိပ်မှုတွေကို တွန်းလှန်ပြီး ဘယ်လို ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သလဲ၊ သူ့ပတ်ဝန်းကျင်က လူအားလုံးကို ဘယ်လို ပြောင်းလဲသွားစေမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခဗျ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ zaw wanna ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း