ဇာတ်ကားများ ရွေးရန်

Friend

2001ဇာတ်ကားBlu-ray 1080p

Friend (2001)ဟာ ဒါရိုက်တာရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့လည်း ဆိုကြပါတယ်။ ခေတ်ဟောင်းကိုရီးယား Vibes တွေ၊ လူမိုက်လောကရဲ့ ခါးသီးမှုတွေ ဇာတ်ကားကောင်းကောင်း ကြိုက်သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ Masterpieceတစ်ခု ဖြစ်ပါတယ်။ ကိုရီးယား Box Office မှာလည်း စံချိန်တင် အောင်မြင်ခဲ့တဲ့ကားပါ။ ၁၉၇၀ ပြည့်လွန်နှစ်တွေကနေ ၁၉၉၀ အစောပိုင်းကာလအထိ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်အကြောင်းကို အခြေခံထားပါတယ်။ ဒေသခံဂိုဏ်းစတားခေါင်းဆောင်ကြီးရဲ့သား ဂျွန်ဆော့ကတော့ ခေါင်းဆောင်စိတ်ရှိပြီး သူငယ်ချင်းတွေအပေါ် သံယောဇဉ်ကြီးရှာသူပါ။ ဒုံဆူကတော့ သုဘရာဇာရဲ့သားဖြစ်လို့ ငယ်စဉ်ကတည်းက အနှိမ်ခံခဲ့ရပြီး စိတ်ဒဏ်ရာရှိသူဆိုပေမဲ့ ရည်မှန်းချက်ကြီးပြီး မာနကြီးသူပါ။ ဆန်းထက်ကတော့ စာတော်ပြီး ရိုးသားတဲ့ ကျောင်းသားပါ။ ဂျွန်းဟိုကတော့ ပျော်ပျော်နေတတ်ပြီး စကားများသူပါ။ ငယ်ငယ်ကတည်းက ဆိုးတူကောင်းဖက် ကျောင်းတက်၊ ရန်ဖြစ်၊ ပျော်ပါးခဲ့ကြတဲ့ သူတို့ ၄ ယောက်ဟာ အရွယ်ရောက်လာတဲ့အခါမှာတော့ အကြောင်းကြောင်းကြောင့် လမ်းကြောင်းတွေ ကွဲသွားကြပါတယ်။ ဆန်းထက်နဲ့ ဂျွန်းဟိုက သာမန်လူတွေအဖြစ် ပညာရေးလမ်းကြောင်း၊ စီးပွားရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြပေမဲ့... ဂျွန်ဆော့နဲ့ ဒုံဆူကတော့ လူဆိုးဂိုဏ်းလောကထဲကို ရောက်သွားကြပါတယ်။ အဆိုးဆုံးကတော့ အချစ်ဆုံးသူငယ်ချင်း ၂ ယောက်ဟာ ပြိုင်ဘက်ဂိုဏ်း ၂ ခုရဲ့ အဓိကလူမိုက်တွေ ဖြစ်လာကြပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးထားစရာအခြေအနေကို ဆိုက်ရောက်လာတဲ့အခါ... သူတို့ရဲ့ ငယ်သံယောဇဉ်နဲ့ သစ္စာတရားက ခံနိုင်ရည်ရှိပါ့မလားဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း