Nobody
ဒီဇာတ်ကားလေးကတော့ တရုတ်ရိုးရာ ဒဏ္ဍာရီဆန်ဆန် ပုံစံတွေကို ချစ်စရာကောင်းတဲ့ ဇာတ်ကောင်ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ Adventure Comedy အမျိုးအစား အန်နီမေးရှင်း ဇာတ်ကား ဖြစ်ပါတယ်။ ပိုစတာကို ကြည့်ရုံနဲ့တင် ချစ်စရာကောင်းပြီး စွန့်စားခန်းဆန်တဲ့ ခရီးစဉ်တစ်ခုကိုသွားရမယ့် အငွေ့အသက်ကို ရရှိစေပါတယ်။ The Journey To The West (ဝူခုန်း)ကားကို ကိုးကားထားတဲ့ Animationကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်တွေကတော့ လန်လန်တောင်ပေါ်က သာမာန်မိစ္ဆာလေးတွေပဲဖြစ်ပါတယ်။ လန်လန်တောင်ပေါ်က တောဝက်မိစ္ဆာလေးဟာ ဘုရင့်ဂူမှာ အလုပ်လုပ်ရဖို့က သူ့ရဲ့ မဟာရည်မှန်းချက်ပါ...မထင်ထားဘဲ ဘုရင်ကို စော်ကားမိပြီး အလုပ်ပြုတ်လာခဲ့ပါတယ်... ဒီလိုနဲ့ပဲ သူ့မိတ်ဆွေတွေဖြစ်တဲ့ ဖားမိစ္ဆာ ဖျံမိစ္ဆာ မျောက်ဝံမိစ္ဆာတို့နဲ့အတူ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်ဖို့ ခရီးစတင်ကြပါတော့တယ်။ ထာဝရအသက်ရှင်ဖို့နဲ့ ဘုရားဖြစ်ဖို့ ဆရာတော်ထန်စန်းနဲ့ သူ့တပည့်တွေအဖြစ် ဟန်ဆောင်ကာ အနောက်အရပ်သို့ ခရီးနှင်လာခဲ့ကြပါတယ်။ သာမာန်မိစ္ဆာလေးတွေဖြစ်တဲ့ သူတို့တစ်တွေဟာ စွမ်းအားမကြီးကြတဲ့အတွက် လမ်းမှာ မိစ္ဆာတွေရဲ့ အနှောင့်အယှက်ကို ရင်ဆိုင်ကြရာမှာ အလွဲလွဲ အချော်ချော်ဖြစ်ကာ ပေါက်ကရဆန်တဲ့ ခရီးစဉ်လေး ဖြစ်လာပါတော့တယ်။ ကဲ သူတို့တစ်တွေ လမ်းခရီးမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ... ထန်စန်းအသားကို စားချင်နေတဲ့ဘယ်လိုမိစ္ဆာတွေနဲ့ ရင်ဆိုင်ရမလဲ... ဒီမိစ္ဆာလေးတွေ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်နိုင်မှာလား... သူတို့ရဲ့ စွန့်စားခရီးမှာ ဘာတွေကြုံတွေ့ရမှာလဲ... ရုပ်ပြဆန်ဆန် ပုံစံတွေကို ခေတ်မီတဲ့ Animation နည်းပညာနဲ့ ပေါင်းစပ်ထားပြီး ဇာတ်ကောင်တွေရဲ့ ဒီဇိုင်းကလည်း ထူးခြားပြီး ချစ်စရာကောင်းလှပါတယ်။ မိစ္ဆာလေးတွေရဲ့ ရယ်စရာ အဖြစ်အပျက်လေးတွေ... သူတို့ရဲ့ ရိုးသားတဲ့ စိတ်ကူးယဉ်မှုတွေကို ဟာသနှောပြီး ရိုက်ကူးထားတာကြောင့် မိသားစုနဲ့ အပန်းဖြေရင်း ကြည့်ရှုဖို့ အထူးသင့်လျော်တဲ့ Animation ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း