ဇာတ်ကားများ ရွေးရန်

Bau: Artist at War

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ရဲ့ Holocaust (လူမျိုးတုံးသတ်ဖြတ်မှု) မှ အသက်ရှင်ကျန်ရစ်သူ အနုပညာရှင် Joseph Bau ၏ စစ်မှန်သောဘဝဇာတ်လမ်းကို အခြေခံထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက ကြေကွဲဝမ်းနည်းဖွယ်စစ်ပွဲဒဏ်များအကြား မျှော်လင့်ချက်၊ အချစ်နှင့် လူသားတို့၏ ခံနိုင်ရည်အားကို ထင်သာမြင်သာရှိအောင် ရိုက်ကူးပုံဖော်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်က ပိုလန်နိုင်ငံကအနုပညာရှင်နှင့် စာရွက်စာတမ်းပြုလုပ်သူ Joseph Bau (Emile Hirsch) ၏ ဘဝကို အဓိကထားရိုက်ကူးထားပါတယ်။ သူဟာ Kraków-Płaszów အကျဉ်းစခန်းသို့ ပို့ဆောင်ခံခဲ့ရသော်လည်း၊ သူ၏ အနုပညာစွမ်းရည်နှင့် ဟာသဉာဏ်ကို အသုံးပြု၍ အခြားအကျဉ်းသားများအတွက် စာရွက်စာတမ်းအ များပြုလုပ်ကာ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တယ်။ အမှောင်မိုက်ဆုံးသောအချိန်တွေမှာ Joseph ဟာ သူ့လို အကျဉ်းကျခံနေရသော Rebecca Tennenbaum (Inbar Lavi) နှင့် လျှို့ဝှက်စွာ ချစ်ကြိုက်ခဲ့ကြပြီး စခန်းအတွင်းမှာပဲ သက်စွန့်ဆံဖျား လက်ထပ်ပွဲပြုလုပ်ခဲ့ကြတယ်။ ထိုဖြစ်ရပ်ပြီး နှစ်ပေါင်းများစွာကြာပြီးနောက် Joseph သည် သူ့ကိုနှိပ်စက်ခဲ့သော နာဇီအရာရှိကို တရားရုံးမှာ အနိုင်ရမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ye Myat ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း