ဇာတ်ကားများ ရွေးရန်

Pose

2025ဇာတ်ကားWeb-dl 4K SDR

James McAvoy ရဲ့ ပရိသတ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ သည်းထိတ်ရင်ဖို ရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက် "Pose" ရုပ်ရှင်ဟာ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ James McAvoy ဟာအထီးကျန်ဆန်ပြီး လျှို့ဝှက်ချက်တွေများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူနေတဲ့ မြို့ပြနဲ့ ဝေးကွာပြီး ကြီးကျယ်ခမ်းနားလှတဲ့ စံအိမ်ကြီးတစ်ခုဆီ စုံတွဲတစ်တွဲရောက်လာရာက စပါတယ်။ ရည်ရွယ်ချက်ကတော့ အနုပညာဖန်တီးမှုတွေအတွက် စိတ်ကူးဉာဏ်သစ် (Inspiration) တွေ ရှာဖွေဖို့ဖြစ်ပြီး အစပိုင်းမှာတော့ အနုပညာဆန်ဆန် အေးချမ်းမယ့် ပိတ်ရက်ခရီးစဉ်တစ်ခုလို့ ထင်မှတ်ရပါတယ်။ ဒါပေမဲ့ ဒီစံအိမ်ကြီးထဲမှာ အချိန်ကြာလာတာနဲ့အမျှ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ ရှင်းပြလို့မရတဲ့ အခြေအနေတွေ တဖြည်းဖြည်း ပေါ်ပေါက်လာပြီး အနုပညာ ဖန်တီးမှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူတစ်ယောက်ချင်းစီရဲ့ စိတ်ကူး၊ အတ္တနဲ့ စွဲလမ်းမှုတွေ လွန်ကဲလာတဲ့အခါမှာတော့ အခြေအနေတွေက မမျှော်လင့်ဘဲ ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာတော့ ဒီစံအိမ်ကြီးထဲက လူတွေကြားမှာ ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့တဲ့ သံသယတွေ (Paranoia) ကြီးစိုးလာပြီး Split တို့ Glass တို့လို ဇာတ်ကားတွေမှာ တွေ့ခဲ့ရတဲ့ James McAvoy ရဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ Identity ၊ အနုပညာနဲ့ စွဲလမ်းမှုတို့အကြောင်းကို Thriller ဆန်ဆန် တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း